ဒိုက်ဦးမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်

ဒိုက်ဦး ဇွန် ၂၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက အခြေခံပညာကျောင်းများ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများပူးပေါင်း၍ ကျောင်းအတွင်းရှိ ရေစည်၊ ရေကန်၊ ရေအိုးများ၊ ဘုရား ပန်းအိုးများ တွင် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ ပိုးလောက်လမ်းများ ရှာဖွေခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများအပြင် ခြင်များပေါက်ပွားမှု မရှိစေရန် ပတ်ဝန်းကျင်သန့်ရှင်းရေး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ကြကြောင်း၊ ကျန်ရှိနေသော စာသင်ကျောင်းများကိုလည်း အလှည့်ကျစနစ် အလှည့်ကျစနစ်ဖြင့်ဖြင့် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းနှင့် သွေးလွန်တုပ်ကွေးတိုက်ဖျက်ရေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)