ဒိုက်ဦးမြို့ အနန္တဂုဏ်ရည်ဆေးခန်း၌ လူနာများအား အခမဲ့ကုသပေး

ဒိုက်ဦး ဇွန် ၂၃

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ဒိုက်ဦးမြို့နယ်၊  အမှတ် ၆ မင်းတဲရပ်ကွက်ရှိ ပါမောက္ခဒေါက်တာသန်းလွင် (အသည်းအထူးကုပါရဂူ) ဆောက်လုပ်လှူဒါန်းသော  ဒေါ်ခင်ချစ်ဓမ္မာရုံရှိအနန္တဂုဏ်ရည်ဆေးခန်း၌ ယမန်နေ့နံနက်ပိုင်းက အထွေထွေရောဂါဖြစ်ပွားသောရဟန်းရှင်/လူ လူနာ(၂၅၀)ဦးကျော်အား အခမဲ့ကုသပေးခဲ့သည်။

အဆိုပါဆေးခန်းကို အပတ်စဥ်စနေနေ့တိုင်းဖွင့်လှစ်ပြီး မျက်စိရောဂါ၊ အသည်းရောဂါ၊ မီးယပ်သားဖွားရောဂါ၊ နှလုံးရောဂါ၊သွားရောဂါ၊အရိုးအကြောရောဂါ၊ကျောက်ကပ်ရောဂါ နှင့်ဆီးလမ်းကြောင်းရောဂါစသည့်အထူးကုဆရာဝန်များကလည်း တစ်လလျှင်တစ်ကြိမ် လာရောက်၍ မေတ္တာဖြင့်ကုသပေးကြပြီး အသည်းကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသောသူများအား ဆေးထိုးပေးခြင်း၊ ဆေးဝါးများလည်း အခမဲ့ပေးလှူ​ပြီးအသည်းရောဂါကာကွယ်ရေးအတွက်ယနေ့မှစ၍ အပတ်စဥ် အသည်းရောင်အသားဝါဘီပိုးရှိ မရှိစစ်ဆေးပေးမည်ဖြစ်ပြီး ပိုးမရှိသူများအား ဘီပိုးကာကွယ်ဆေး အခမဲ့ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)