မိုင်းခုတ်မြို့၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲ၌ ပျိုးပင်ပေါင်း (၅၀၀) စုပေါင်းစိုက်ပျိုးကျင်းပ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ မြို့သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲတော်ကို ယမန်နေ့နံနက်(၀၈:၀၀) နာရီအချိန်က အမှတ်(၂)ရပ်ကွက်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်းရှိ သတ်မှတ်နေရာများတွင် စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။