တနင်္သာရီ ဇွန် ၂၃
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် အမှတ် (၂) စစ်နယ်မြေမှူး ဗိုလ်မှူးကြီးမျိုးမင်းသူသည် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးကျော် ကျော်ခေါင် ၊တနင်္သာရီမြို့နယ် စရတ(ကရခ) ခွဲ(၂) စု(၃) တပ်စုမှူး ဒုအရာခံဗိုလ် မောင်စိုးနှင့် အဖွဲ့ဝင်များလိုက်ပါလျှက် ယနေ့ နံနက် ၁၁နာရီခွဲအချိန်က တနင်္သာရီမြို့ ချောင်းငယ်ရပ်ကွက်- ချောင်းငယ်ဘုန်းတော်ကြီးကျောင်းတိုက်သို့ မော်တော်ယာဥ်များဖြင့် ရောက်ရှိလာပြီး ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တသံဝရအား ဖူးမျှော်ကြည်ညို၍ ဆရာတော်နှင့်တကွ သံဃာတော်များအတွက် ၂၄-ပြည်ဝင် ဆွမ်းဆန်(၅)အိတ်၊ စားဆီ ၁၀-ပိဿာဝင် (၁) ပုံးနှင့် အချိုရည်ဘူးများ စုစုပေါင်းကာလတန်ဖိုးငွေ (၆) သိန်းကျပ်ဖိုးကို ဆက်ကပ်လှူဒါန်းပေးကြောင်း သိရသည်။
ထို့နောက် ချောင်းငယ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသံဝရက အဆိုပါလှူဒါန်းမှုအပေါ် ဝမ်းမြောက်နုမော် သာဓုသုံးကြိမ်ခေါ်ဆိုပြီး သြဝါဒစကားများ မြွက်ကြားခဲ့ကြောင်း၊ ၎င်း ချောင်းငယ်ကျောင်းတိုက်အတွင်း ဆရာတော်အပါအဝင် သံဃာတော်(ရဟန်း) (၃) ပါးနှင့် ရှင်သာမဏေ (၄)ပါး၊ စုစုပေါင်း (၇)ပါးရှိကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)