မိုင်းယု ဇွန် ၂၃
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်းနှင့် ရွှေသတ္တုအလတ်စားခွင့်ပြုမိန့်ရ ပြန်လည်အပ်နှံပြီးဖြစ်သော ဟိန်းကောင်းဆက်ကုမ္မဏီ၏ SEMU-2 လုပ်ကွက်မှ တူးဖော်ခဲ့သော ရေကန်အတွင်း သဘာဝဘေးမဲ့ငါးမျိုးစိတ်အကောင်ရေ ( ၁၅၀၀၀) စိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက တာကြန့်ကျေးရွာအုပ်စု၊ ဝမ်ပေါ့ကျေးရွာအနီးရှိ ဟိန်းကောင်းဆက်ကုမ္မဏီ၏ SEMU-2 လုပ်ကွက်နေရာ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် မိုင်းယောင်းမြို့နယ်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က ဂေဟဟနစ်ပြန်လည်ဖြည့်တင်းရေးအတွက် သဘာဝဘေးမဲ့ ငါးမျိုးစိတ်အကောင်ရေများ စိုက်ထည့်ပေးမှုနှင့် ပတ်သတ်၍ အဖွင့်အမှာစကားပြောကြားပြီး ငါးသားပေါက်အကောင်ရေ (၁၅၀၀၀) အား ပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
ထိုနောက် ငါးသားပေါက်အကောင်ရေ(၁၅၀၀၀)အား ဘေးမဲ့စိုက်ထည့်ရန်အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးအောင်ထွန်းနှင့် အဖွဲ့ဝင်များ၊ သတ္တုတွင်းဝန်ကြီးဌာနမှ လက်ထောက်အထွေထွေမန်နေဂျာ ဦးတင်မောင်သန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မြို့ခေတ္တအုပ်ချုပ်ရေးမှူး ဦးရှိုင်းပိုင်မှူးနှင့် မြို့အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသည့် တိုင်းရင်းသားအဖွဲ့များ၊ ဒေသခံပြည်သူများ၊ ကုမ္မဏီမှ တာဝန်ရှိသူများ အသီးသီး တက်ရောက်ခဲ့ကြပြီး ဂေဟဟနစ်ပြန်လည်ဖြည့်တင်းရေးအတွက် သဘာဝဘေးမဲ့ ငါးမျိုးစိတ်အကောင်ရေ (၁၅၀၀၀) အား စုပေါင်းစိုက်ထည့်ကာ ရေကန်အတွင်းလွှတ်ပေးခဲ့ကြသည်။
မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၊ မိုင်းယုကြိုးဝိုင်း၊ အကွက်အမှတ်(၁၆)အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ မိုးရာသီတွင် ဂေဟစနစ်ပြန်လည်ဖြည့်တင်းရေးစိုက်ခင်း သစ်ပင်များပြန်လည်စိုက်ပျိုးပေးခဲ့ပြီး ယခု အမှတ်(၂)သတ္တုတွင်းလုပ်ငန်းနှင့် ရွှေသတ္တုအလတ်စားခွင့်ပြုမိန့်ရ ပြန်လည်အပ်နှံပြီးဖြစ်သော ဟိန်းကောင်းဆက်ကုမ္မဏီ၏ SEMU-2 လုပ်ကွက်က တူးဖော်ခဲ့သော ရေကန်အတွင်း သဘာဝဘေးမဲ့ ငါးမျိုးစိတ် အကောင်ရေ (၁၅၀၀၀) တိတိကို ထပ်မံစိုက်ထည့်ပေးသည့်အခမ်းအနားကို ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း သတ္တုတွင်းဝန်ကြီးဌာနမှ လက်ထောက်အထွေထွေမန်နေဂျာ ဦးတင်မောင်သန်းက ပြောကြားသည်။
ကိုကိုနိုင်