ရမည်းသင်းမြို့နယ်၌အသက် ၂ နှစ်အထက်ပြည်သူများအား ဆင်​ခြေ​ထောက်​ရောဂါကင်း​ဝေး​​စေရန် ဆင်​ခြေ​ထောက်​ဆေးတိုက်​ကျွေးခြင်းလုပ်ငန်း အသိပညာပေးဆွေးနွေး

ရမည်းသင်းမြို့နယ် အ​ထွေ​ထွေအုပ်ချူပ်ရေးဦးစီးဌာနသင်းရတနာခန်းမ၌ ယ​နေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန် မြို့နယ်ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနမှ ရမည်းသင်းမြို့နယ်၌အသက်၂ နှစ်အထက် ပြည်သူများအား ဆင်​ခြေ​ထောက်​ရောဂါကင်း​ဝေး​​စေရန် လူကုန်ဆင်​ခြေ​ထောက်​ဆေးတိုက်​ကျွေးခြင်းလုပ်ငန်းစီမံချက် အသိပညာပေးဆွေးနွေးကို ကျင်းပပြုလုပ်သည်။

မှော်ဘီမြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ဇွန်လ ၂၇ ရက်နေ့က မင်းရွာအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

တာမွေမြို့နယ်တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ပြည်သူများ စာဖတ်ခြင်းဖြင့် အသိဉာဏ် ပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် အသိပညာများမှတစ်ဆင့် စဉ်းစားတွေးခေါ်တတ်လာပြီး အတတ်ပညာများအဖြစ်သို့ ပြောင်းလဲကာ နိုင်ငံ့အကျိုး သယ်ပိုးထမ်းဆောင်နိုင်သည့် နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန်ရည်ရွယ်ပြီး တာမွေမြို့နယ် စာပေဝါသနာရှင်များမှ စီစဉ်ကျင်းပသော " လောင်းရိပ် " ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန ( Community Centre )ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ထန်းတပင်မြို့နယ်၌ကျောင်းသား၊ ကျောင်းသူများအား အားကစားနှင့်လူငယ်ရေးရာအသိပညာပေး ဟောပြော

လူငယ်လူရွယ်များအားကစားဆိုင်ရာအသိပညာနှင့် ဗလငါးတန်ဖွံ့ဖြိုးပြီး လူကောင်းလူတော်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဇွန်လ(၂၈) ရက်နေ့၊ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အ.ထ.က-ထန်းတပင်ကျောင်း၊ လှိုင်ရတနာခန်းမ၌ကျင်းပသည်။

ကန်ကြီးထောင့်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ညှိနှိုင်းအစည်းအ‌ဝေးကို ယနေ့နံနက် (၉) နာရီခွဲအချိန်က မြို့နယ်ဧရာသီရိသုခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အင်္ဂပူမြို့နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ကျေးရွာစာကြည့်တိုက်များသို့ စာအုပ်စာစောင်များပေးအပ်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊အင်္ဂပူမြို့နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ကျေးရွာစာကြည့်တိုက်များသို့ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက အင်္ဂပူမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထူအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ပြုလုပ်ခဲ့သည်။

လေးမျက်နှာမြို့နယ် အ.ထ.က လေးမျက်နှာကျောင်းခန်းမတွင် စာပေဟောပြောပွဲပြုလုပ်

ဧရာဝတီတိုင်းဒသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အ.ထ.က လေးမျက်နှာကျောင်းခန်းမတွင် စာပေဟောပြောပွဲကို ယမန်နေ့နံနက် ၈နာရီ ၃၀ မိနစ် အချိန်က ပြုလုပ်ခဲ့သည်။

ရန်ကုန်နည်းပညာတက္ကသိုလ်၌ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် ရာသီဥတုပြောင်းလဲမှုလျော့ချစေရန် ရည်ရွယ်၍ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် (၁၀) နာရီ က ရန်ကုန်နည်းပညာတက္ကသိုလ်ဝန်းအတွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ် Community Centre ခန်းမတွင် Book Club အဖွဲ့မှ “တန်ဖိုးရှိသောနေ့” စာအုပ်ဖြင့်စာဖတ်ဝိုင်း ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် Book Club အဖွဲ့မှ စာရေးဆရာ ကျော်ကျော်လှိုင် ၏ ‘’တန်ဖိုးရှိ သောနေ့” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ညနေပိုင်းတွင်ကျင်းပခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ်တွင် စာဖတ်ဝိုင်း ဆောင်ရွက်

ယနေ့ခေတ် လူငယ်လူရွယ်များ စာဖတ်ရှိန်မြင့်မားစေရန်နှင့် စာပေဗဟုသုတကြွယ်ဝစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင် ယမန်နေ့ နံနက် ၁၁နာရီက စာပေချစ်မြတ်နိုးသူများအသင်း Book Clubနှင့် Youth Club အသင်းတို့ပူးပေါင်း၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။
Subscribe to