ငပုတော ဇွန် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ အရှေ့ပိုင်းရပ်ကွက်၊ ဥယျာဉ်ကုန်းရွာတွင် တည်ထားကိုးကွယ်တော်မူသော ရှေးဟောင်းသမိုင်းဝင်မဟာရာဇာမုနိ အောင်တော်မူ ရှေးဟောင်းစေတီတော်ဟောင်း ပြန်လည်ပြုပြင်ရေး ပန္နက်တော်တင် မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဘုရားပုရဝုဏ်အတွင်း ကျင်းပပြုလုပ်သည်။
ဦးစွာအခမ်းအနားကိုနမောတဿသုံးကြိမ်ရွတ်ဆို၍စတင်ဖွင့်လှစ်ပြီးမင်္ဂလာအချိန်ရောက်ရှိသည်နှင့်တပြိုင်နက် တောရကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နယက ဆရာတော် ဘဒ္ဒန္ဒ ပညာစက္က ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်စေတနာရှင်အလှူရှင်များက သက်ဆိုင်ရာ ဂြိုလ်ထောင့်အသီးသီးတွင် ပန္နက်တော်များကို ပူဇော်ကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွက်ဆို၍ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)