ကျိုက်မရော၌ စားသုံးဆီနှင့်ဆန်များအား ရည်ညွှန်းစျေးအတိုင်း ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ကျိုက်မရော  ဇွန်   ၃၀

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးအတွက် စားသူံးဆီဆိုင်များ၊ ဆန်ဆိုင်များအား သတ်မှတ်ရည်ညွှန်းစျေးများအတိုင်း ရောင်းချခြင်းရှိ/မရှိနှင့် ကုန်ညွှန်းအမှတ်အသားများပါရှိရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျိုက်မရောမြို့နယ် ပိန်းနဲကုန်းစျေးနှင့်ရပ်ကွက်များရှိ ကုန်စုံဆိုင်များနှင့်ဆန်ဆိုင်များသို့ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့စစ်ဆေးရာ၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာနမှ ကျိုက်မရောမြို့နယ် တာဝန်ခံများ ပူးပေါင်းကာ ပြည်သူ့စျေးအတွင်းရှိ ဆန်ဆိုင်များ၊ စားသုံးဆီအရောင်းဆိုင်များသို့ဝင်ရောက်၍ စားသုံးဆီနှင့်ဆန်များအား ရောင်းချပေးရာ၌ ကုန်းညွန်းအမှတ်အသားများကပ်ထားခြင်း ရှိ/မရှိ၊ ဆန်များအားသတ်မှတ်ထားသည့် စျေးနှုန်းထက်ကျော်လွန်ရောင်းချခြင်းမပြုလုပ်ရန် ကွင်းဆင်းစစ်ဆေး၍ ဆီဆိုင်ပိုင်ရှင်နှင့် ဆန်ကုန်သည်များအား ပညာပေးဟောခဲ့ကြကြောင်း သိရသည်။

မချို(ကျိုက်မရော)