မြန်မာအမျိုးသမီးများနေ့ဂုဏ်ပြု အခမ်းအနားမှူး သင်တန်းဆင်းပွဲ သန်လျင်၌ ကျင်းပ

ရန်ကုန် ဇွန် ၃၀

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်းဖွင့်လှစ်ခဲ့သော အခမ်းအနားမှူးသင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲ(၁)နာရီတွင် သန်လျင်မြို့ရှိပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာအဖွဲ့များအလိုက် အခမ်းအနားတင်ဆက်ပုံများကို အကဲဖြတ်အမှတ်ပေးကြပြီး ဆုရရှိကြသူများအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဇာဇာထွန်းနှင့် ဦးစီးအရာရှိဒေါ်အိအိမွန်တို့ကလည်းကောင်း၊ သင်တန်းဆင်းလက်မှတ်များကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်မိမိက သင်တန်းသားခေါင်းဆောင်အား ပေးအပ်သည်။

အဆိုပါအခမ်းအနားမှူးသင်တန်းသို့ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမှ သင်တန်းသားသင်တန်းသူ(၃၀)ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ(၅)ရက်ကြာမြင့်ခဲ့သည်။ သင်တန်းဆင်းပွဲအပြီးတွင် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ(ခရိုင်ပြန်/ဆက်)