ပုသိမ်မြို့တွင် အသက်(၁၆)နှစ်နှင့်အထက် နိုင်ငံသားမှတ်ပုံတင်မရှိသေးသူများအား “ပန်းခင်း”စီမံချက်အဆင့်(၃)ဖြင့် ကွင်းဆင်းဆောင်ရွက်ပေး

ပုသိမ်     ဇွန်     ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် အသက်(၁၆)နှစ်နှင့်အထက် နိုင်ငံသားမှတ်ပုံတင် မရှိသေးသူများအား “ပန်းခင်း” စီမံချက်အဆင့်(၃)ဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်းကို အမှတ်(၁၄)ရပ်ကွက်တွင် ယနေ့နံနက်ပိုင်းမှစတင်ကာ  ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုသိမ်မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အမှတ်(၁၄)ရပ်ကွက်ရှိ အသက်(၁၈)နှစ်အထက် နိုင်၆(က)(၇၉)ဦး၊ အသက်(၁၀)နှစ်ပြည့် နိုင် ၃(က)(၆၀)ဦး၊ လဲလှယ်(၂)ဦး လူဦးရေစုစုပေါင်း(၁၄၁)ဦးအား နိုင်ငံသားမှတ်ပုံတင်ဆောင်ရွက်ပေးခဲ့ပြီး အဆိုပါကွင်းဆင်းဆောင်ရွက်နေမှုတွင် တိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်ဝင်းသိန်း၊ ပုသိမ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦး၊ အမှတ်(၁၄)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူးများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ကျော်ဟိန်း(ခရိုင် ပြန်/ဆက်)