လေးမျက်နှာမြို့နယ် ကွင်းကြီး‌ခေတ်မီစံပြကျေးရွာတွင် မိုးရာသီသစ်ပင်စိုက်ပွဲ ကျင်းပ

လေးမျက်နှာ ဇူလိုင် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ကွင်းကြီးကျေးရွာအုပ်စု၊ ကွင်းကြီး‌ခေတ်မီစံပြကျေးရွာတွင် မိုးရာသီသစ်ပင်စိုက်ပွဲအခမ်းအနားအား ယမန်နေ့နက်ပိုင်း ၉ နာရီအချိန်တွင် ကျင်းပခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်‌ရေးဝန်ကြီး ဦးနေမျိုး‌အောင်နှင့် တာဝန်ရှိသူများက ဒေသခံပြည်သူများအား အပင်များပေးအပ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရးဝန်ကြီး ဦးနေမျိုး‌အောင်၊ ခရိုင်အုပ်ချုပ်‌ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှု‌ရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများက မန်ဂျန်ရှား(၁၀၀၀)ပင်၊ ကျွန်း(၅၀၀)ပင်၊ ပျဉ်းကတိုး(၅၀)ပင်၊ ကံ့ကော်(၄၀)ပင်၊ ခရေ(၄၀)ပင်နှင့် ကော်ဖီ(၈၀၀)ပင်ကို စိုက်ပျိုးခဲ့သည်။

ဆက်လက်၍ ကွင်းကြီး‌ခေတ်မီစံပြကျေးရွာရှိ ဘတ်စုံသုံးခန်းမတွင် တိုင်းဒေသကြီး၊ ကျေးလက်‌ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦး‌နေထက်ရှိန်က စီမံကိန်းများဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြပြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။ ထို့နောက် လေးမျက်နှာမြို့နယ် ခတ္တူကျေးရွာအုပ်စု၊ ငှက်ပျောတောကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် စတုမုခထူပါရုံစေတီတော် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်ခဲ့သည် လုပ်ငန်းများနှင့် ဆက်လက်လုပ်ဆောင်မည့်အရာများကို ရှင်းလင်းတင်ပြခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ပြီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအ‌ခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

မြို့နယ်(ပြန်/ဆက်)