မြန်အောင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဦးဆောင်၍ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်

မြန်အောင် ဇူလိုင် 

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌဦးဆောင်၍ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများကို ယမန်နေ့ နေ့လယ်က မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက် ဧရာဝတီမြစ်ကမ်းဘေးရပ်ကွက်နေပြည်သူများထံ အသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းကို မြန်အောင်ခရိုင် အမျိုးသမီးရေးရာရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နေခြည်ဝင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သင်းလှိုင်ဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဧရာဝတီမြစ်ကမ်းဘေး ရပ်ကွက်နေပြည်သူများအား ရေဘေးပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးပြီး ရေကြီးခြင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်များ၊ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် လိုက်နာရန်အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များ စသည်တို့ကို အသိပညာပေး ဖြန့်ဝေဟောပြောခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ မြန်အောင်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ အ.ထ.က(၂) မြန်အောင်(နေခြည်)တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပြီး ကျောင်းသား/ကျောင်းသူများအား ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ဝင်းဗိုလ်(မြန်အောင်)