ပုဗ္ဗသီရိ ဇူလိုင် ၃
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥယျာဉ်ကျေးရွာမှ တောင်သူဦးဌေး၏ လယ်ယာမြေတွင် စပါးနှင့်ပြောင်းသီးနှံ အထွက်နှုန်းတိုးတက်ရရှိရေးအတွက် စနစ်တကျထွန်းယက်ကာ ဇူလိုင်လ ၁ ရက်နေ့က စိုက်ပျိုးခဲ့ကြောင်း သိရသည်။
အဆိုပါစိုက်ပျိုးခြင်းအတွက် တောင်သူဦးဌေးက စပါးနှင့်ပြောင်းသီးနှံ စိုက်ပျိုးခြင်းနှင့်ပတ်သက်၍ပြောကြားရာတွင် မိုးသီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားစေရေး၊ မိုးရာသီတွင် မိုးစပါးစိုက်ခင်းများအားလုံး အတန်းလိုက်စနစ်ဖြင့် စိုက်ပျိုးခဲ့ပြီး၊ ယခင်နှစ်က တစ်ဧကပျမ်းမျှ စပါး(၆၅)တင်း ထွက်ရှိခဲ့ရာ၊ ယခုနှစ်တွင် တစ်ဧကခန့်မှန်းစပါး တင်း(၁၁၀) ထွက်ရှိအောင် စနစ်တကျကြိုးစားစိုက်ပျိုးခဲ့ကြောင်း၊ (၈၀၈) ပြောင်းမျိုးစေ့ချစိုက်ပျိုးခြင်းကိုလည်း အလားတူ အထွက်နှုန်းတိုးတက်ရရှိရေး မျိုးကောင်းမျိုးသန့်ရွေးချယ်ကာ စနစ်တကျ စိုက်ပျိုးထားပါကြောင်း ဥယျာဉ်ကျေးရွာမှ တောင်သူဦးဌေး၏ ပြောကြားချက်အရ သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)