ချောင်းဦး ဇူလိုင် ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် တောင်သူနည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မိုးစပါးနှင့်မိုးသီးနှံစိုက်ပျိုးမည့် တောင်သူများအားဖိတ်ကြား၍ ရေရှည်တည်တံ့သော စိုက်ပျိုးနည်းပညာပေးဆွေးနွေးပွဲနှင့် မြေဆီလွှာအာဟာရဖြည့်တင်းခြင်း စူပါဘိုကာရှီပြုလုပ်နည်းကို ယမန်နေ့နံနက်(၁၀)နာရီက ပြသဆောင်ရွက်ခဲ့ကြောင်းသိရသည်။
တောင်သူများ သီးနှံအထွက်နှုန်းတိုးတက်ရေးသာမက ရေရှည်တည်တံ့သော စိုက်ပျိုးနည်းစနစ်များ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ပြီး ဂေဟစနစ်တိုးတက်ကောင်းမွန်စေရန်၊ သီးနှံအထွက်နှုန်းများတည်ငြိမ်စေရန်ရည်ရွယ်၍ ဆွေးနွေးပွဲ၊ ပြပွဲများ ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ခင်မြတ်မြတ်ဦးက ပြောကြားခဲ့သည်။ အဆိုပါ နည်းပညာပေးဆွေးနွေးပွဲနှင့် ပြပွဲသို့ တောင်သူ(၅၃)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ထိန်လင်း
မြို့နယ် (ပြန်/ဆက်)