လဲချားမြို့နယ်၊ တတ်‌မောက်ကျေးရွာအုပ်စုနှင့် ပန်ဆန်း‌ကျေးရွာအုပ်စုတို့အား ပန်းခင်းစီမံချက်ဖြင့် Biometric ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်

လဲချား ဇူလိုင် ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဉီးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ဇီဝဆိုင်ရာအချက်အလက်(Biometric)ကောက်ယူခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီမှစ၍ ဆက်သွယ်ရေးခက်ခဲသော တတ်မောက်ကျေးရွာအုပ်စုနှင့် ပန်ဆန်း‌ကျေးရွာအုပ်စုတို့အား လဲချားမြို့နယ်ရှိ သီရိဟံသာခန်းမတွင် ဆောင်ရွက်ပေးလျက်ရှိပါသည်။

အဆိုပါဆောင်ရွက်ရာတွင် ကျေးရွာအုပ်စုအတွင်း ဦးတည်အုပ်စုအလိုက် အမည်စာရင်းရယူထားသော ကျေးရွာနေဒေသခံမိဘပြည်သူများနှင့် မိသားစုဝင်များ၊  ကျေးရွာအုပ်စုများမှ ဒေသခံမိဘပြည်သူများနှင့်မိသားစုဝင်များ၏ ဇီဝဆိုင်ရာအချက်အလက် (Biometric)ကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ နေ့စဉ် ညနေ ၄ နာရီခွဲအထိ သတ်မှတ်ရက်အတွင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် အချက်အလက်ကောက်ယူပြီးသူများ၏ Biographic Data ၊ Biometric Data များကို Database  တွင်သိမ်းဆည်းကာ ဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID  နံပါတ်ပါကတ်ပြားများကို နေ့ချင်းပြီးထုတ်ပေးခဲ့ကြောင်း သိရသည်။

လဲချား (မြို့နယ် ပြန်/ဆက်)