ရန်ကုန် ဇူလိုင် ၃
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းကျင်းပသော ပန်းအလှဆင်နည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၁၀)နာရီတွင် သန်လျင်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်းက သင်တန်းအဖွင့်အမှာစကားပြောကြားပြီး သင်တန်းနည်းပြ ဒေါ်ယုဇနခိုင်က ဘုရားပန်းအိုးအလှဆင်နည်း၊ စားပွဲတင်ပန်းအလှဆင်နည်း၊ ပန်းခြင်းအလှဆင်နည်း ပန်းအလှပုံဖော်နည်းအမျိုးမျိုး စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပန်းအလှဆင်နည်းအမျိုးမျိုးအား လက်တွေ့သင်ကြားပြသပေးပြီးနောက် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။ အဆိုပါသင်တန်းသို့ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပန်းအလှဝါသနာရှင်သင်တန်းသား၊ သင်တန်းသူ (၂၀)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းအား ဇူလိုင် (၃)ရက်နေ့မှ (၇)ရက်နေ့ထိ လက်တွေ့ သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဖြိုးသီဟ (ခရိုင်၊ ပြန်/ဆက်)