ကျိန္တလီ ဇူလိုင် ၃
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ ကျင်းပပြုလုပ်သော မြို့အဆင့်ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က သဒ္ဓမ္မရောင်ရှိန် ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ အမှတ်(၃)ရပ်ကွက်၊ သဒ္ဓမ္မရောင်ရှိန်ကျောင်း ဆရာတော် အမှူးပြုသော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ တက်ရောက်လာကြသော ဌာနဆိုင်ရာများနှင့် ဧည့်သည်တော်များက နမောတဿ (၃)ကြိမ် ရွတ်ဖတ်ပူဇော်၍ အခန်းအနားကို စတင်ဖွင့်လှစ်ကာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဇျာယ်တော်မူကြသော မေတ္တာသုတ်ပရိတ် တရားတော်ကို နာယူခဲ့ကြပြီး ဌာနဆိုင်ရာ အကြီးအကဲများက ဝါဆိုသင်္ကန်းများနှင့် လှုဖွယ်ပစ္စည်းများကို ကပ်လှူပူဇော်ခဲ့သည်။ ဆက်လက်၍ လယ်တီဆရာတော် ဦးဉာဏဝံသထံမှ ဝါဆိုသင်္ကန်း အနုမောဒနာ တရားတော်အား နာယူခဲ့ကြပြီး လှူဒါန်းမှု အစုစုတို့အား ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)