စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် တစ်ဧကပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် သွင်းအားစုများအား စနစ်တကျ သုံးစွဲနည်း ပညာပေးဆွေးနွေးပွဲ  အခမ်းအနား တက်ရောက်

မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့  တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မွေးကင်းစမှ (၁) နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးနှင့် ငါးမျိုးစပ်ကာကွယ်ဆေးများ ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း ) မြို့နယ်တွင် မွေးကင်းစမှ (၁) နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ငါးမျိုးစပ်ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးခြင်းများကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း မြို့နယ်အတွင်းရှိ ရပ်ကွက်အလိုက် ဒေသန္တရဆေးခန်းများတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ပထမဆုရ တာချီလိတ်မြို့နယ်အသင်းအား သောင်းသောင်းဖြဖြကြိုဆိုဂုဏ်ပြု

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့မှ ဇူလိုင်လ ၂ ရက်နေ့ထိ ရှမ်းပြည်နယ်တောင်ကြီးမြို့၌ ကျင်းပခဲ့သည့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား၊ မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပထမဆုရယူခဲ့သော အောင်ပွဲရတာချီလိတ်မြို့နယ် အမျိုးသမီးဘောလုံးအသင်းအား ယနေ့ ညနေ ၃ နာရီခွဲက ဌာနဆိုင်ရာများနှင့်ပြည်သူများမှ တာချီလိတ်လေဆိပ်သို့သွားရောက်၍ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။

မန္တလေးမြို့တော်ခန်းမတွင် ၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီရုံး မြို့တော်ခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက ဝန်ကြီးချုပ်၏ဇနီး ဒေါ်မမ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် အသင်းအဖွဲ့များ တက်ရောက်ကြပြီး တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဝင်များက ဂုဏ်ပြုအဖွင့် တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့သည်။

ဆင်ပေါင်ဝဲမြို့နယ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေး

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် တောင်သူများ မိုးရာသီစိုက်ပျိုးထုတ်လုပ်မှု အဆင်ပြေစေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုမှ ဘဏ်အဖွဲ့ဝင်တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က ရွှေမောင်းစွန်းကျေးရွာအုပ်စုနှင့် မွှန်းစကျေးရွာအုပ်စုများရှိ တောင်သူ (၁၉၄) ဦးတို့၏ မိုးစပါးစိုက်ဧက (၃၂၉) ဧကနှင့် အခြားသီးနှံဧက (၇၂၃) ဧကအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ပေးလျက်ရှိသည်။

အောင်လံမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ခရိုင်စီမံ အုပ်ချုပ်ရေးရုံးခန်းမ၌ပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

ထားဝယ်မြို့တွင် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ဆောင်ပုဒ် စာစီစာကုံး ရေးဖြေစာမေးပွဲကျင်းပ

(၁၀၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများနှင့် ထားဝယ်မြို့နယ်၊ ကောင်းလုံးမြို့နယ် သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း (၂၃) ဦးတို့က သမဝါယမနည်းဥပဒေနှင့် ဝန်ထမ်းခွင်စည်းကမ်း ဘာသာရပ်များ၊ အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ဆောင်ပုဒ် စာစီစာကုံးများအား ဌာနတွင်းရေးဖြေ စာမေးပွဲ ကျင်းပခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရေကင်းများချထားမှုအခြေအနေနှင့် ရေဆိုးစုပ်ထုတ်နေမှုများအား လိုက်လံကြည့်ရှု

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယမန်နေ့နံနက်ပိုင်းက အောင်မြေသာစံခရိုင်၊ မဟာအောင်မြေခရိုင်နှင့် အမရပူရခရိုင်အတွင်းရှိ ဧရာဝတီမြစ်ကမ်းနားတစ်လျှောက် ရေကင်းများချထားရှိမှုအခြေအနေနှင့်  မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရှိ ရေဆိုးစုပ်ထုတ်စက်ရုံများမှ ဧရာဝတီမြစ်အတွင်း စုပ်ထုတ်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုခဲ့သည်။

မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲဝောာ်ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် အောင်ဆန်းရပ်ကွက်၊ ထပ်ဆင့်လွှင့်စက်ရုံဝင်းအတွင်း၌ ယနေ့နံနက် ၁၀ နာရီအချိန်က မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ မီးသတ်၊ စည်ပင်သာယာ‌ရေးအဖွဲ့ တာ၀န်ရှိသူများ၊ မိသားစုစည်းကမ်းထိမ်းသိမ်းရေးနှင့် စည်းရုံးရေးကော်မတီ၀င်များ၊ ဌာနဆိုင်ရာများ၊ အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာနနှင့် သစ်ဝောာဦးစီးဌာန တာ၀န်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဂန့်ဂေါမြို့၌ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဂန့်ဂေါခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to