ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မွေးကင်းစမှ (၁) နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးနှင့် ငါးမျိုးစပ်ကာကွယ်ဆေးများ ထိုးနှံပေး

ဒဂုံတောင် ဇူလိုင် ၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း ) မြို့နယ်တွင် မွေးကင်းစမှ (၁) နှစ်ခွဲအထိ  ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ငါးမျိုးစပ်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း မြို့နယ်အတွင်းရှိ ရပ်ကွက်အလိုက် ဒေသန္တရဆေးခန်းများတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးလျက်ရှိရာ ဇူလိုင်လ (၂) ရက်နေ့ နံနက် (၉) နာရီက (၁၈) ရပ်ကွက်၊ မြို့နယ်ဒေသန္တရကျန်းမာရေးဌာနခွဲတွင် ဆုံဆို့နာ၊ ကြက်ညှာ၊ ချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင် အသားဝါ (ဘီ)၊ ဦးနှောက်အမြှေးရောင်ရောဂါ စသည့် ရောဂါများမှ ကာကွယ်နိုင်သည့် ငါးမျိုးစပ်ကာကွယ်ဆေးများနှင့် ရာသီအလိုက်ဖြစ်ပေါ်တတ်သော ကူးစက်ရောဂါကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း  သိရသည်။

ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေးရာတွင် ဆေးထိုးရန် လာရောက်ကြသော ကလေးငယ်များနှင့်မိခင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ဆောင်ရွက်ပေးကြောင်းနှင့် ကလေးငယ်များအား ကိုယ်အပူချိန် တိုင်းပေးခြင်း ကိုယ်အလေးချိန် ချိန်ပေးခြင်းများ ဆောင်ရွက်ပေးကြောင်း သတင်းရသည်။

ကျော်စွာမိုး(ပြန်/ဆက်)