မင်းဘူးခရိုင်အတွင်း၌ အရေးပေါ်ရှာဖွေကူညီကယ်ဆယ်ရေးအဖွဲ့များကို လူ၊ ယာဉ်၊ စက်ယန္တရားများဖြင့် အရန်သင့်စုဖွဲ့ထားရှိ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်း၌ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အရေးပေါ် ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်စေရန် ခရိုင်နှင့်မြို့နယ်များရှိ မီးသတ်ဦးစီးဌာနရုံးများတွင် အရေးပေါ် ရှာဖွေကူညီကယ်ဆယ်ရေးအဖွဲ့များကို လူ၊ ယာဉ်၊ စက်ယန္တရားများဖြင့် အရန်သင့်စုဖွဲ့ထားရှိကြောင်း မင်းဘူးခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စာကြည့်တိုက်များ ဖွံဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လှူဒါန်းသော သာကေတမြို့နယ်၊ (၇/အရှေ့)ရပ်ကွက်တွင် စာကြည့်တိုက်ဆောက်လုပ်နိုင်ရေး ထပ်ဆင့်အလှူငွေပေးအပ်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နေ့လယ် (၁၃း၀၀) နာရီအချိန်က စာကြည့်တိုက်များ ဖွံဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် သာကေတမြို့နယ်၊ (၇/အရှေ့) ရပ်ကွက်တွင် စာကြည့်တိုက်ဆောက်လုပ်နိုင်ရေး အလှူငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ကြောင်း သိရသည်။

စလင်းမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ရိုးတစ်လျှောက်တွင်နေထိုင်သည့် ကျေးရွာများအတွင်း ရေဘေးအန္တရာယ်မြေပြိုဘေးအန္တရာယ်ဆိုင်ရာဆောင်ရန်/ရှောင်ရန်များ အသိပညာပေးလိုက်လံနှိုးဆော်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ရိုးတစ်လျှောက်နေထိုင်ကြသည့် ကျေးရွာများအတွင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် ဆင်ဖြူကျွန်းမြို့နယ်ရှိ ဝန်ထမ်းများပူးပေါင်း၍ ယမန်နေ့နံနက်(၉)နာရီအချိန်မှစတင်ကာ ဧရာဝတီမြစ်ဘေးရှိကျေးရွာများနှင့် ဆင်ဖြူကျွန်းမြို့ပေါ် ရပ်ကွက်များအတွင်း ရေဘေးအန္တရာယ် မြေပြိုဘေးအန္တရာယ် ဆောင်ရန်/ ရှောင်ရန်အချက်များကို လိုက်လံကြေညာနှိုးဆော်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သရက်မြို့၌ ကျောက်ကပ်သွေးသန့်စင်ဌာန၏ အကြိမ်(၂၀၀)ပြည့် ကျောက်ကပ်သွေးသန့်စင်ခြင်းနှင့် အလှူငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ သရက်ခရိုင်ပြည်သူ့ဆေးရုံ ကျောက်ကပ်သွေးသန့်စင်ဌာန၏ အကြိမ် (၂၀၀)ပြည့် ကျောက်ကပ်သွေးသန့်စင်ခြင်းနှင့် အလှူငွေပေးအပ်ပွဲ အခမ်းအနားကျင်းပခြင်း ကို ယမန်နေ့ မွန်းလွဲ (၂)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

တပ်ကုန်း​မြို့၌ စာဖတ်ရှိန်မြှင့်တင်‌ရေး မိုဘိုင်းစနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်း

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက တပ်ကုန်းကုတင် ၁၀၀ဆံ့ ပြည်သူ့ ဆေးရုံဝန်ထမ်းများနှင့် မိသားစုများအား နယ်လှည့်စာကြည့်တိုက် (Mobile Library)စနစ်ဖြင့် စာအုပ်၊ စာစောင်များ (အခမဲ့) ငှားရမ်းပေးခြင်းကို ယမန်နေ့ ညနေပိုင်းက အဆိုပါဆေးရုံသို့ သွားရောက်ငှားရမ်းပေးခဲ့သည်။

ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီပါဌာနဆိုင်ရာအကြီးအကဲများ၊ ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီပါဌာနဆိုင်ရာအကြီးအကဲများ၊က ယမန်နေ့နံနက်ပိုင်းက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မင်းလှမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် သွေးလှူဒါန်းခြင်းနှင့် ကလေးမိခင်များအား အာဟာရများထောက်ပံ့ပေးအပ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ် ဇူလိုင်(၃)ရက်နေ့တွင် ကျရောက်ခဲ့သည့် မြန်မာအမျိုးသမီးများနေ့ကိုဂုဏ်ပြုသောအားဖြင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ သွေးလှူဒါန်းခြင်း‌ကို ယမန်နေ့နံနက်(၉)နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံတွင်ဆောင်ရွက်ခဲ့သည်။

သရက်မြို့ ပြည်သူ့ဆေးရုံတွင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား ကျန်းမာရေး စစ်ဆေးပေးပြီး ဆေးကုသမှုများ ဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်းရှိ ခရိုင်ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား သွေးတိုးရောဂါ၊ သွေးချိုဆီးချိုရောဂါ၊နှလုံးရောဂါများအား အခမဲ့ စစ်ဆေးပေးခြင်း ဆေးကုသပေးခြင်းကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အငြိမ်းစား ဝန်ထမ်းများအား အခမဲ့ စစ်ဆေးပေးလျက်ရှိပြီး ယမန်နေ့ နံနက် (၉:၃၀)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ပေးခဲ့သည်။

ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ပဲစင်းငုံ ဧက ၅၀၀၀ ကျော် စိုက်ပျိုးပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံ စိုက်ပျိုးမှုအဖြစ်၊ ပဲစင်းငုံနှင့် ပဲတီစိမ်းသီးနှံများစိုက်ပျိုးကြရာ ဇွန်လကုန်အထိ ပဲစင်းငုံ ဧက ၅၀၀၀ ကျော်စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မင်းလှမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့မှ ဆီထွက်သီးနှံအထူးဇုန် လျာထားဧကပြည့်မီရေး ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ဆီထွက်သီးနှံ အထူးဇုန်လျာထားဧက ပြည့်မီရေး မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များမှ ကျေးရွာစိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် ဒေသခံတောင်သူများအား တွေ့ဆုံ ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့မတိုက်နယ်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Subscribe to