ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရွှေတောင် ဇူလိုင် ၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီပါဌာနဆိုင်ရာအကြီးအကဲများ၊ ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီပါဌာနဆိုင်ရာအကြီးအကဲများ၊က ယမန်နေ့နံနက်ပိုင်းက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ စစ်ဆေးရာတွင် ရွှေတောင်မြို့နယ်၊ နွားမယံကျေးရွာအုပ်စု၊ နွားမယံကျေးရွာကွင်းအမှတ် (၄၀၈) ရွာဟောင်းကွင်း ဦးပိုင်အမှတ်(၁၀ ခ)၊ ဧရိယာ(၀.၆၂) ဧကရှိမြေပေါ်တွင် ဦးညီနိုင်အောင်မှ စက်သုံးဆီအရောင်းဆိုင် ဖွင့်လှစ်/သိုလှောင်/ရောင်းချခွင့်ပြုနိုင်ရေး၊ ရွှေတောင်မြို့နယ်၊ ဝါးတောကျေးရွာအုပ်စု၊ ဆည်ကြီးကုန်းကျေးရွာရှိ ဆည်ကြီးကုန်းတမံ၏ ရေပိုလွှဲ ပြန်လည်ပြုပြင်ခြင်းနှင့် ရေပေးမြောင်းပြန်လည်တူးဖော်ခြင်းလုပ်ငန်းအား မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ဆည်မြောင်း)မှ ၂၀၂၄- ၂၀၂၅ခု၊ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေ (ငွေလုံးငွေရင်း) ဖြင့်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများ၊ ရွှေတောင်မြို့နယ်၊ မဲတောကျေးရွာအုပ်စု၊ ရှင်ညိုကျေးရွာ ကွင်းအမှတ် (၄၅၉) ကမ်းတင်ကွင်း ဧရိယာ (၃.၀၃) ဧကရှိ မြေပေါ်တွင် ဦးဇော်မင်းမှ ဇီဝဇိုးငှက် လှောင်အိမ်ဆောက်လုပ်နေမှု အခြေအနေများ၊ ရွှေတောင်မြို့နယ်၊ ကျေးလက်လမ်းဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရေမျက်-ရွာကုန်း-ကုက္ကိုလ်မြောင်-မယားမာန်လမ်း မြေသားဘောင် ချဲ့ခြင်းနှင့် မြေနီကျောက်စရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေတို့အား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)