ဗိုလ်တထောင် ဇူလိုင် ၄
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နေ့လယ် (၁၃း၀၀) နာရီအချိန်က စာကြည့်တိုက်များ ဖွံဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် သာကေတမြို့နယ်၊ (၇/အရှေ့) ရပ်ကွက်တွင် စာကြည့်တိုက်ဆောက်လုပ်နိုင်ရေး အလှူငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပထမဦးစွာ ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်မှ အဖွင့်အမှာစကား ပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့မတည်ငွေ ကျပ်သိန်း(၁၅၀)အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူထံ ပေးအပ်ခြင်း၊ (၇/အရှေ့) ရပ်ကွက်မှ အလှူရှင်(၉)ဦး၏ လှူဒါန်းငွေ ကျပ်သိန်း (၃၀)အား (၇/အရှေ့)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရန်နောင်ဌေးမှ မြို့နယ်စာကြည့်တိုက်ဖြစ်မြောက်ရေးကြီးကြပ်မှု ဦးစီးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးသူရိန်ဇော်အား ပေးအပ်ခြင်း၊ အလှူရှင် မြို့မိမြို့ဖ ဦးသန်းကိုမှ လှူဒါန်းငွေ (၃) သိန်းကျပ်အား မြို့နယ်စာကြည့်တိုက်ဖြစ်မြောက်ရေးကြီးကြပ်မှု ဦးစီးကော်မတီမှ အဖွဲ့ဝင် ဦးညွန့်ဝေထံ ပေးအပ်ခြင်း၊ အလှူရှင်မြို့မိမြို့ဖ ဦးအောင်အောင်၏ လှူဒါန်းငွေ (၃)သိန်းကျပ်အား မြို့နယ်စာကြည့်တိုက်ဖြစ်မြောက်ရေးကြီးကြပ်မှု ဦးစီးကော်မတီမှ အဖွဲ့ဝင် ရဲမှူးညွန့်ဝင်းထံသို့ ပေးအပ်လှူဒါန်းခြင်းဆောင်ရွက်ပြီး တက်ရောက်လာသူများမှ လှူဒါန်းငွေများ အသီးသီး လှူဒါန်းကြရာ စုစုပေါင်း အလှူငွေ (၆၅၁၀၀၀၀)ကျပ် ရရှိခဲ့ပါကြောင်းနှင့် အလှူငွေပေးအပ်ပွဲသို့ ခရိုင်စီမံအုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်လွင်၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးကျော်ထွန်း၊ အဖွဲ့ဝင်(၂) ဦးဝင်းလှိုင်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ခံ ဒေါ်ခင်ဝင်းကြည်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စာကြည့်တိုက်ဖြစ်မြောက်ရေးကြီးကြပ်မှုဦးကော်မတီမှ အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ဖြိုးဝင်းနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သတင်းရသည်။
ခင်ဝင်း(ပြန်/ဆက်)