တပ်ကုန်း​မြို့၌ စာဖတ်ရှိန်မြှင့်တင်‌ရေး မိုဘိုင်းစနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်း

တပ်ကုန်း ဇူလိုင် ၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက တပ်ကုန်းကုတင် ၁၀၀ဆံ့ ပြည်သူ့ ဆေးရုံဝန်ထမ်းများနှင့် မိသားစုများအား နယ်လှည့်စာကြည့်တိုက် (Mobile Library)စနစ်ဖြင့် စာအုပ်၊ စာစောင်များ (အခမဲ့) ငှားရမ်းပေးခြင်းကို ယမန်နေ့ ညနေပိုင်းက အဆိုပါဆေးရုံသို့ သွားရောက်ငှားရမ်းပေးခဲ့သည်။

မိုဘိုင်းစာကြည့်တိုက်ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဋ္ဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်နှင့် ဝန်ထမ်းများက စာအုပ်၊ စာ‌စောင်များ လာရောက်ငှားရမ်းရန် မအားလပ်သည့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအနေဖြင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာပေဖတ်ရှုခြင်းမှ ရှိလာသည့် အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်နှင့် စာပေ၏ အကျိုးကျေးဇူးများ သိရှိနားလည်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် သုတ ရသ စာအုပ်စာစောင်များကို အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရပြီး၊ တပ်ကုန်းကုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံတွင် ၁၅ ရက် တစ်ကြိမ်နှုန်း စာအုပ်အသစ်များ လဲလှယ်ငှားရမ်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။

တင်စိုးလွင်