ကျောက်တန်းမြို့နယ်၊ ကျုံကန်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု လွှဲပြောင်းပေးအပ်

ကျောက်တန်း ဇူလိုင်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ မြကိုင်းကျေးရွာအုပ်စု၊ ကျုံကျိုက်ကျေးရွာ၌ မြစိမ်းရောင် (ငါးကဏ္ဏ) အတိုးရငွေဖြင့် ကျေးရွာလျှပ်စစ်မီးရရှိရေး၊ လမ်းမီးသွယ်တန်းရေး၊ ကျုံကျိုက်ကျေးရွာနှင့် မြေနီတာကျေးရွာ ကျေးရွာချင်းဆက်လမ်း အားမြေသားပိုးခြင်း၊ မြေညှိခြင်း၊ ရေနှုတ်မြောင်းတူးဖော်ခြင်း ဆောင်ရွက်ပြီးစီးမှုနှင့် ပတ်သက်သည့် စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်ခြင်းကို  ယမန်နေ့ နံနက် (၁၀) နာရီက အဆိုပါ ကျေးရွာ၌ ကျင်းပပြုလုပ်သည်။

ယင်းသို့ လွှဲပြောင်းပေးရာတွင် ကျောက်တန်းမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာန ဦးစီးအရာရှိ ဦးခင်၀င်းနှင့် ၀န်ထမ်းများ၊ ကျုံကျိုက်ကျေးရွာမြစိမ်းရောင် (ငါးကဏ္ဍ) ကော်မတီအဖွဲ့ တာ၀န်ရှိသူများက ဆောင်ရွက် ပြီးစီးခဲ့သည့်ကျေးရွာ လျှပ်စစ်မီးလင်းရေးနှင့် ပတ်သက်သည့် စာရွက်စာတမ်းများ၊ မြေသားလမ်းခင်းကျင်း၊ ရေနှုတ်မြောင်းတူးဖော်ခဲ့မှုနှင့်ပတ်သတ်သည့် စာရွက်စာတမ်းများအား မြကိုင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ယုနှင့်တာ၀န်ရှိသူများထံသို့ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့သည်။

ယခု ဆောင်ရွက်ပြီးစီး၍ လွှဲပြောင်းခဲ့သည့် ကျေးရွာလျှပ်စစ်မီးရရှိရေးနှင့် လမ်းမီးသွယ်တန်းရေး၊ ကျုံကျိုက်ကျေးရွာနှင့် မြေနီတာကျေးရွာ ကျေးရွာချင်းဆက်လမ်းအား မြေသားပိုးခြင်း၊ မြေညှိခြင်း ဆောင်ရွက်ခြင်းကို မြစိမ်းရောင် (ငါးက္ဍ) အတိုးရငွေကျပ်  တစ်ရာငါးဆယ့်ကိုးသိန်းဖြင့် ၂၀၂၄ ခုနှစ်၊ မေလဆန်းမှစ၍ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နေလင်းကျော် (ပြန်ဆက်)