သာယာဝတီ ဇူလိုင် ၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်၍ Book Club, Women Club နှင့် ပူးပေါင်း၍ စာရေးဆရာမ မေမြတ်ဇင်၏ ဦးဆောင်မြင့်မား စွမ်းပကားနဲ့ မြန်မာ့အသိုက်အဝန်းထဲမှ အမျိုးသမီးများ စာအုပ်ဖြင့် ယနေ့နံနက် ၁၀ နာရီက စာဖတ်ဝိုင်းကျင်းပခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်စုထက်အောင်က အမျိုးသမီးများမိမိကိုယ်ကိုခုခံကာကွယ်ဖို့ အခြေခံကျဖို့လုပ်ဆောင်ချက်များများ ခေါင်းစဉ်အား ဦးဆောင်ဖတ်ကြားဆွေးနွေးခဲ့ပြီး Book Club မှ ဒေါ်မေနှင်းကိုက ခေါင်းဖြင့်တိုက်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်နှောင်းသီတာမြင့်က မိမိကိုယ်ကိုခုခံကာကွယ်ဖို့မှန်ကန်စွာ ထားသင့်သည့် ကိုယ်နေဟန်ထားခေါင်းစဥ်ဖြင့်လည်းကောင်း၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ ဒေါ်မြင့်မြင့်စန်းက လက်ဖြင့်ခုခံခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ ဒေါ်ခိုင်ရည်မွန်က တံတောင်ဆစ်ဖြင့်ထိုးခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဖတ်ကြား ဆွေးနွေးခဲ့ကြပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာပေချစ်မြတ်နိုးသူများက အသီးသီးပါဝင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)