မိုင်းခတ်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ၂၀၂၄ ခုနှစ် မိုးရာသီအားကစားပြိုင်ပွဲကျင်းပရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

မိုင်းခတ် ဇူလိုင် ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ ဇူလိုင်လ ၂၆ ရက်နေ့တွင်ကျင်းပမည့် ၂၀၂၄ ခုနှစ် မိုးရာသီအားကစားပြိုင်ပွဲ၊ လူငယ်ရေးရာကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းဘောလုံးပြိုင် ပွဲစည်ကားစွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ လူငယ်ရေးရာကော်မတီဥက္ကဋ္ဌဖလားဘောလုံးပြိုင်ပွဲ၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီမှ စည်းကမ်းထိန်းသိမ်း‌ရေးဆပ်ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်နောင်ထွေးက စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းတာဝန်များ၊ ပြိုင်ပွဲစည်းကမ်းချက်အသေးစိတ်များ ရှင်းလင်းဆွေးနွေးပြီး တွဲဖက်အတွင်းရေးမှူး၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဦးကျော်ဌေးက အားကစားပြိုင်ပွဲများ ဘေးအန္တရာယ်ကင်းရှင်းစွာကျင်းပရေး ကြိုတင်ပြင်ဆင်မှုများ၊ ပြိုင်ပွဲဝင်အသင်းများအနေဖြင့် ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအား လိုက်နာသွားကြရန်လိုကြောင်း၊ ပြိုင်ပွဲမစခင်လိုအပ်ချက်များရှိပါက ကြိုတင်ညှိနှိုင်းမှုများဆောင်ရွက်သင့်ကြောင်းပြောကြားရာ အစည်းအဝေးသို့ စည်းကမ်းထိန်းသိမ်းရေးဆပ်ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အသင်းခေါင်းဆောင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)