ဗန်းမော်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်များက ရေဘေးသင့်ပြည်သူများအား သောက်ရေသန့်များ၊ ထမင်းဘူးများလှူဒါန်း

ဗန်းမော် ဇူလှိုင် ၈

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာများက ရေဘေးကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်ပြည်သူများအား သောက်ရေသန့်များ ထမင်းဘူးများကို ယနေ့နံနက် ၁၀ နာရီက လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ဧရာဝတီမြစ်ရေတဖြည်းဖြည်း ကျဆင်းလာသော်လည်း ရေများကျန်ရှိနေသေးသောကြောင့် ဗန်းမော်မြို့နယ်အတွင်းရှိ မြေနိမ့်ပိုင်းရပ်ကွက်ကျေးရွာများမှ  ရေဘေးကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွေ့ နေထိုင်သည့် ရေဘေးသင့်ပြည်သူများအား ခရိုင်အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်လတ်နှင့် အဖွဲ့ဝင်များ၊ ဗန်းမော်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးမြင့်ဌေး၊ ဗန်းမော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ထွန်းတိုး နှင့် အဖွဲ့ဝင်များ၏ကြီးကြပ်မှုဖြင့် ရေဘေးကယ်ဆယ်ရေးစခန်းများဖြစ်သည့် ဓမ္မိကာရုံဘုန်းကြီး ကျောင်း၊ အ.လ.က (၁)၊ မူလွန် (၃)၊ မူလွန် (၄) စသည့် ရေဘေးကယ်ဆယ်ရေးစခန်းများတွင် နေထိုင်သည့် အိမ်ထောင်စု (၇၄၃) စု၊ လူဦးရေ (၃၅၉၁) ဦးအတွက် ဗန်းမော်မြို့ရှိ စီးပွားရေး လုပ်ငန်းရှင်များက သောက်ရေသန့်များ ထမင်းဘူးများလှူဒါန်းပေးခဲ့ပြီး ဌာနဆိုင်ရာများက ရေဘေးကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့် ပြည်သူများအား ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရပါ သည်။

ဗန်းမော်မြို့တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ မွန်းလွဲ (၂) နာရီခွဲအချိန် တိုင်းတာချက်အရ ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့၌ (၁၂၂၇)စင်တီမီတာဖြစ်ပြီး ယခင်နေ့ရက်များထက် ရေများကျဆင်းလာသော်လည်း ဗန်းမော်မြို့၏ စိုးရိမ်ရေမှတ်မှာ (၁၁၅၀) စင်တီမီတာဖြစ်သောကြောင့် စိုးရိမ်ရေအမှတ်အထက်သို့ (၂) ပေ ၇ လက်မခန့် ကျော်လွန်နေသေးကြောင်း သိရှိရသည်။

ရှိုးသီဟ(ပြန်/ဆက်)