အင်းစိန်မြို့နယ်၌ ဝမ်းပျက်၊ ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြော

ရန်ကုန်          ဇူလိုင်           ၈

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ဝမ်းပျက်၊ ဝမ်းလျှောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက်(၉)နာရီက အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်နှင့် ကမ်းအနားအလယ်ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးဌာနမှူး ဒေါက်တာနွေးအိလှိုင်နှင့်ဝန်ထမ်းများက မိုးရာသီကာလအတွင်း ဖြစ်ပွားမှုများပြားနိုင်သည့် ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါအတွက် ကြိုတင်ကာကွယ်နိုင်သော နည်းလမ်းများ၊ ရောဂါလက္ခဏာများ၊ ဓာတ်ဆားရည်ဖျော်နည်း၊ အစားအသောက်များနှင့်ပတ်သက်၍ သန့်ရှင်းစွာထားရှိရန်နှင့် ဝမ်းပျက်၊ ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောခဲ့ကြသည်။

အင်းစိန်မြို့နယ်အတွင်း အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးအတွက် တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ရပ်ကွက်များ၊ ဈေးများ၊ လူစည်ကားရာနေရာများတွင် Hand Speaker များဖြင့် အသိပေးနှိုးဆော်ခြင်းများနှင့် ကွင်းဆင်းအသိပညာပေးဟောပြောခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)