ပုသိမ်ကြီးမြို့ ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်

ပုသိမ်ကြီး ဇူလိုင် ၈

ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်၌ စီစဥ်သူ နွေးထွေး (ပုသိမ်ကြီး)၏ “သိင်္ဂါရရောင်ခြည်” သုတ/ရသများစွာ ပါဝင်သည့် စာအုပ်အား ယနေ့နံနက်ပိုင်းက စာဖတ်ဝိုင်း ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ နိုင်စေရ (မန်းတက္ကသိုလ်)က အဖွင့်အမှာစကားပြောကြားပြီး၊ စာဖတ်ဝိုင်းအား စတင်ပေးခဲ့သည်။ စာရေးဆရာ နိုင်ဗလက ပုဂံသွေးမို့ နွေးဆဲပါ ဆောင်းပါးအား ဖတ်ရှုဆွေးနွေးခဲ့ပြီးနောက်၊ စာရေးဆာ မောင်ရန်ရှင်း (ရန်ကင်းတောင်) က သိင်္ဂါရ ရောင်ခြည် စာအုပ်ပါအကြောင်းများကို ခြုံငုံဆွေးနွေးပေးခဲ့သည်။

အဆိုပါ စာအုပ်သည် ကလောင်ရှင် ၂၅ ဦး၏ သုတရသနှင့်ကဗျာ များစွာပါဝင်သည့် စာအုပ်ကောင်း တစ်အုပ်ပင်ဖြစ်ပြီး၊ တက်ရောက်လာသည့် မြို့နယ်စာရေးဆရာအသင်းမှ ကလောင်ရှင်များက စာဖတ်ဝိုင်းတွင် အသီးသီး ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်