ကျိုက်လတ်၌ မိုးရာသီကာလဖြစ်ပွားတတ်သော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရေး တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကျိုက်လတ် ဇူလိုင် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ မိုးရာသီကာလတွင် ဖြစ်ပွားတတ်သည့် ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနည်းလမ်းများကို သိရှိလိုက်နာနိုင်စေရန် ယနေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်အစာဆေးဝါးကော်မတီတွင် ပါဝင်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်နိုင်၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများအား မိုးရာသီကာလတွင် ဖြစ်ပွားတတ်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနိုင်သည့် အခြေအနေများ၊ ရောဂါပိုးကူးစက်နိုင်သည့် နည်းလမ်းများ၊ ရောဂါ လက္ခဏာများနှင့် ကြိုတင်ကာကွယ်နိုင်သည့် နည်းလမ်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်စေရေးအတွက် မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့် လမ်းဘေးအသုပ်ဆိုင်များအား ကျန်းမာရေးနှင့်ညီညွတ်စွာ ရောင်းချနိုင်ရေး လိုက်လံအသိပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

လှိုင်မင်းအောင်