ပြင်ဦးလွင်မြို့နယ် ပိန္နဲကုန်းအ.ထ.က(ခွဲ)တွင် သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ပြင်ဦးလွင် ဇူလိုင် ၁၀

Green Challenge Association ၏ ၂၀၂၄ ခုနှစ်၊ မိုးရာသီသတ္တမအကြိမ် သစ်ပင်စိုက်ပျိုးပွဲကို ပြင်ဦးလွင်မြို့နယ်၊ ပိန္နဲကုန်းအ.ထ.က(ခွဲ)တွင် ယမန်နေ့နံနက်၉နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် Green Challenge Association၏ ဥက္ကဋ္ဌနှင့် အသင်းသား၊ အသင်းသူများ၊ ပြင်ဦးလွင်မြို့နယ်၊ ပိန္နဲကုန်းအ.ထ.က(ခွဲ) ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ရပ်မိရပ်ဖများနှင့် ရပ်ကွက်နေပြည်သူများက အပင်မျိုးစုံ ၂၁၅ ပင်ကို စိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် ကျေးရွာမှ တာဝန်ရှိပုဂ္ဂိုလ်များက သစ်ပင်စိုက်ပျိုးခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ/ဆရာမများ၊ Green Challenge Association အဖွဲ့သားများအားလုံးအား နေ့လယ်စာကြက်သားဒံပေါက်ဖြင့် ဧည့်ခံကျွေးမွေးဒါနပြုခဲ့ကြပြီး Green Challenge Association ၏ ၂၀၂၄ ခုနှစ်၊ မိုးရာသီသတ္တမအကြိမ် သစ်ပင်စိုက်ပျိုးပွဲကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဖြူလူသစ်(ခရိုင်ပြန်/ဆက်)