ဂွ ဇူလိုင် ၁၀
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နေ့လယ် ၁၁ နာရီက မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကို ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ခွန်းဆက်သင်းက ကလေးအလုပ် သမားပပျောက်ရေးနှင့်ပတ်သက်၍ အသိပညာပေးTalk Show ကျင်းပပြုလုပ်ရခြင်းအကြောင်းအား ရှင်းလင်းပြီး သိရှိလိုသည့်အချက်များကို မေးမြန်းခဲ့ရာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်ခိုင်ထွေးက ကလေးအလုပ်သမား၏ အဓိပ္ပါယ်၊ ကမ္ဘာပေါ်တွင် ကလေးအလုပ်သမားဦးရေနှင့်ကလေးအလုပ်သမားများအများဆုံး တွေ့ရှိနိုင်သောနေရာများ၊ ကလေးအလုပ်သမား များပြားလာရသည့် အကြောင်း ရင်း၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နေမှု အခြေအနေများအကြောင်းကို အသိ ပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်