ပခုက္ကူ ဇူလိုင် ၁၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီခွဲတိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ၂၂၅၃ စင်တီမီတာသို့ရောက်ရှိနေပြီး ပခုက္ကူမြို့၊ စိုးရိမ်ရေမှတ် ၂၁၅၀စင်တီမီတာထက် ၁၀၃ စင်တီမီတာအထိ ကျော်လွန်မြင့်တက်ရောက်ရှိနေပြီဖြစ်ကြောင်း ခရိုင်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ပခုက္ကူခရိုင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဧရာဝတီမြစ်ရေမှတ်တိုင်းထွာချက်အရ ဇူလိုင်လ ၁၀ ရက် ညနေ၆နာရီခွဲအချိန်တွင် ၂၁၈၆ စင်တီမီတာသို့ ရောက်ရှိပြီး စိုးရိမ်ရေမှတ်ထက် ၃၆ စင်တီမီတာအထိလည်းကောင်း၊ ဇူလိုင်လ ၁၁ ရက် ညနေ၆နာရီခွဲအချိန်တွင် ၂၂၃၃ စင်တီမီတာသို့ရောက်ရှိပြီး စိုးရိမ်ရေမှတ်ထက် ၈၃ စင်တီမီတာအထိလည်းကောင်း၊ ယနေ့ ဇူလိုင်လ ၁၂ရက် နံနက် ၆နာရီခွဲအချိန် တိုင်းထွာချက်အရ ၂၂၅၃ စင်တီမီတာသို့ရောက်ရှိပြီး စိုးရိမ်ရေမှတ်ထက် ၁၀၃ စင်တီမီတာအထိ ကျော်လွန်မြင့်တက်ရောက်ရှိနေပြီဖြစ်ကြောင်း၊ မြစ်ကမ်းဘေးနေပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိ၊သတိရှိစေရေးအတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့ပူးပေါင်းကာ ဧရာဝတီမြစ်ရေကြီးမှုအခြေအနေ၊ ရေကျမှုအခြေအနေများအား နေ့စဉ်သတင်းထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)