အောင်ပန်းမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ကလော ဇူလိုင် ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီကစာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအကြောင်း အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း ခေတ္တကျောင်းအုပ်ဆရာကြီး၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူ ၇၀ ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က သင်တန်းသား၊ သင်တန်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ခြင်းအကျိုးကျေးဇူးအကြောင်း၊ လူငယ်ရေးရာအကြောင်းနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးတွက် ဗလငါးတန်အကြောင်းတို့ကိုဟောပြောခဲ့သည်။

ထို့နောက် သင်တန်းသား၊ သင်တန်းသူများအား အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် မူးယစ်ဆေးဝါးအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေးနှင့်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးနံရံကပ်စာစောင်များ ပြသခဲ့ရာ သင်တန်းသား၊ သင်တန်းသူများ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)