ညောင်ဦး ဇူလိုင် ၁၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံနယ်မြေမီးသတ်စခန်း၏ အနောက်မြောက်ဘက် ၂ မိုင်ခန့်အကွာ မြင်းပါကျေးရွာ၌ ယမန်နေ့ ညနေ ၃ နာရီ ၄၅ မီနစ် အချိန်က လူနေအိမ်တစ်လုံးမီးလောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်ရာနေရာသို့ ညောင်ဦးမြို့နယ် ဒုတိယမီးသတ်ဦးစီးမှူး ဦးရဲမင်းထွန်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင် (၇)ဦး၊ ပုဂံနယ်မြေမီးသတ်စခန်းတာဝန်ခံ ဦးဆောင်သော မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင် (၇)ဦးတို့သည် မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီးတို့ဖြင့် ထွက်ခွာမီးငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီ ၅၀ မီနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါ ဖြစ်စဉ်တွင် မြင်းကပါကျေးရွာအတွင်း အိမ်ပိုင်ရှင် ဒေါ်ဌေးဌေး ပိုင်ဆိုင်သော အိမ်အား အိမ်ငှားနေထိုင်သူ ဦးဝင်းကျော်ခိုင် ပန်းရံအလုပ်လုပ်ကိုင်သူက အိမ်ငှားနေထိုင်ခြင်းဖြစ်ကာ မီးကြွင်းမီးကျန်မှတဆင့် မီးနေအိမ်ဝါးထရံသို့ ကူးဆက်လောင်ခဲ့ခြင်းဖြစ်ကြောင်း၊ မီးလောင်မှု ကြောင့် ၁၅ ပေ၊ ၁၀ ပေပတ်လည် သွပ်မိုးဝါး၊ ထရံကာ နေအိမ် တစ်လုံး၊ ဆုံးရှုံးမှုတန်ဖိုး (၂၀၀၀၀၀)သိန်းကျပ်ခန့်၊ Yamastar 110 (ကျောက်စိမ်းရောင်) မော်တော်ဆိုင်ကယ်တစ်စီး မီးလောင်ဆုံးရှုံးမှု (၁၀၀၀၀၀)သိန်းကျပ်၊ အိမ်တွင်းပစ္စည်းဆုံးရှုံးမှု (၅၀၀၀၀) သောင်းကျပ်ခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး လူ/တိရစ္ဆာန်နှင့် အခြားအဆောက်အဦများ ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း သိရသည်။
ဒီပါလင်း