လဲချားမြို့တွင် နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ပစ္စည်းများ သွားရောက်ထောက်ပံ့

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့တွင် နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ပစ္စည်းများထောက်ပံ့ပေးခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က ခေတ္တတည်းခိုရာ အမှတ်(၄)ရပ်ကွက် ကုန်းနင်ဘုန်းတော်ကြီးကျောင်းတွင် သွားရောက်ထောက်ပံ့ခဲ့သည်။

အ.မ.က နားကန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အ.မ.က နားကန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ‌ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများကို ယနေ့ နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

(၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ‌အ.လ.က(ခွဲ) (တရုတ်စု)နှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) အသင်းအဖွဲ့တို့ပူးပေါင်း၍ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများကို အဆိုပါဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

ပဲခူးတိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ပြည်မြို့၌ အခွန်ဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေး

ပဲခူးတိုင်းဒေသကြီးအတွင်း အခွန်ဘဏ္ဍာငွေ ပိုမိုတိုးတက်ရရှိရေးပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နိပ်ဆောင်ရွက်စေရေး၊ အခွန်ကြွေးကျန်များ၊ အခွန်တိမ်းရှောင်မှုနှင့် အခွန်လွတ်ကင်းမှုမရှိစေရေး အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်မြို့သီရိခေတ္တရာ ရတနာမြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

ပင်းတယမြို့နယ်၌ (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်း၍ (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ) ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် စာသင်ကျောင်း (၁)ကျောင်း ထပ်မံယာယီ ပိတ်ထားရ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ယနေ့နံနက်ပိုင်းက အခြေခံပညာမူလတန်းကျောင်း (၁)ကျောင်းတွင် မြစ်ရေဝင်ရောက်ခဲ့သဖြင့် ထပ်မံ၍ ယာယီပိတ်ထားခဲ့ရကြောင်း ပွင့်ဖြူမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

နေပြည်တော်ကောင်စီဝင် ဦးမင်းဦး ၂ဝ၂၄ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

၂ဝ၂၄ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အားကစားရုံ၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဦးမင်းဦးနှင့် ဦးဟန်သူ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ဒိုင်အဖွဲ့များ၊ ပြိုင်ပွဲဝင် အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ၊ ကျောင်းသား ကျောင်းသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့ရေဘေးသင့်ပြည်သူများအား လာရောက်ကြည့်ရှုအားပေးစကားပြောကြားပြီး အခြေခံစားသောက်ကုန်များနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ပြည်မြို့ရွှေပလ္လင်မှော်စေတီတော်ဓမ္မာရုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၌ ရေဘေးသင့်ပြည်သူများအား လာရောက်ကြည့်ရှုအားပေးစကားပြောကြားပြီး အခြေခံစားသောက်ကုန်များနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။

ဇေယျာသီရိမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်ဆိုင်ရာစွမ်းရည်မြင့်မားရေး ပြိုင်ပွဲများကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဇေယျာသီရိမြိုနယ်၊ ပြည်စံအောင် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများအား ဖိတ်ခေါ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်ဆိုင်ရာစွမ်းရည်မြင့်မားရေးပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့သည်။

စလင်းမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မြင့်တက်မှုကြောင့် စာသင်ကျောင်း (၃၄) ကျောင်း ယာယီထပ်မံပိတ်ထားရ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက် မြင့်တက်မှုကြောင့် အခြေခံပညာကျောင်း (၃၄) ကျောင်း မြစ်ရေဝင်ရောက်ခဲ့သဖြင့် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ယနေ့နံနက်ပိုင်းမှစပြီး ထပ်မံယာယီပိတ်ထားကြောင်း သိရသည်။
Subscribe to