ကျောက်တလုံးကြီးမြို့၌ “အာဇာနည်နေ့ ဒို့မမေ့” အသိပညာပေးနံရံကပ်စာစောင် ပြသ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ကျောင်းသားလူငယ်များနှင့် ပြည်သူများ အာဇာနည်နေ့သမိုင်း‌အကြောင်းအရာများကို ပိုမိုသိရှိနိုင်စေရန်ရည်ရွယ်၍ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် “အာဇာနည်နေ့ဒို့မမေ့” အသိပညာပေးနံရံကပ်စာစောင်ကို ယမန်နေ့ ညနေ (၃)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြသခဲ့သည်။

ပျော်ဘွယ်မြို့နယ်တွင် အာဇာနည်နေ့အကြောင်း သိကောင်းစရာအသိပညာပေးဟောပြောပွဲကျင်းပ

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဇူလိုင်လ(၁၉)ရက်နေ့တွင်ကျရောက်မည့် အာဇာနည်နေ့အကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉)နာရီက မြို့နယ်ရုံး Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့အခြေခံပညာအထက်တန်းကျောင်းဝင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ယနေ့နံနက် (၉)နာရီအချိန်က (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အင်္ဂပူမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အသိပညာပေး နှိုးဆော်ခြင်းများပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်‌အောင်ခရိုင် ၊ အင်္ဂပူမြို့နယ်၊ မြို့မ‌ဈေးနှင့် သက္ကယ်ပြင်(သံ) ကျေးရွာအုပ်စု၊ သက္ကယ်ပြင်(သံ) ကျေးရွာဈေးတို့တွင် ပြည်သူများ သဘာဝဘေးအန္တရာယ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များ မဖြစ်ပေါ်စေရေးအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန အင်္ဂပူမြို့နယ်ရုံးမှ တာဝန်ရှိသူများ ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အသိ‌ ပညာပေးနှိုးဆော်ခြင်းများ ပြုလုပ်ခဲ့သည်။

ခိုလမ်မြို့၊ မူလွန်-ဝမ်ဖွီးကျောင်းတွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်  ဗိုလ်ချုပ်မိန့်ခွန်း ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ မူလွန်-ဝမ်ဖွီးကျောင်းတွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဗိုလ်ချုပ်မိန့်ခွန်း ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပခဲ့​ပါသည်။

မန္တလေးမြို့ လူထုအခြေပြုဗဟိုဌာနတွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် စာအုပ်ပြပွဲကျင်းပ

မဟာ​အောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အင်္ဂပူမြို့နယ်အတွင်း ဧရာဝတီမြစ်နှင့် ငဝန်မြစ်ရေဝင်ရောက်သဖြင့် အခြေခံပညာကျောင်း (၆)ကျောင်း ယာယီပိတ်ထား

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းဝန်းအတွင်း ဧရာဝတီမြစ်နှင့် ငဝန်မြစ်ရေဝင်ရောက်သဖြင့် အခြေခံပညာကျောင်း (၆)ကျောင်းအား ယာယီပိတ်ထားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သရက်ချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer) ထပ်ဆောင်းထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ (အ-ထ-က)သရက်ချောင်းကျောင်း(ပညာရတနာခန်းမ)၌ ဆရာ/ဆရာမများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦး ကြီးကြပ်မှုဖြင့် ဆရာဦးဇော်လွင် ဦးဆောင်၍ ဆရာ/ဆရာမများက  ယနေ့နံနက် ၉ နာရီခွဲအချိန်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer) ထပ်ဆောင်းထိုးနှံပေးခဲ့သည်။

မြိတ်မြို့တွင် သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် မြိတ်တောင်ကျေးရွာအုပ်စု ချမ်းအေးကျောင်းတိုက်၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း၏ သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းကို ယမန်နေ့က မြိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍  ဖွင့်လှစ်ခဲ့သည်။

တောင်တွင်းကြီးမြို့နယ်၌ စာအုပ်စာစောင် ပြပွဲပြုလုပ်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community centre) တွင် ယမန်နေ့ နံနက် (၁) နာရီခွဲအချိန်က စာအုပ်စာစောင်ပြပွဲ ပြုလုပ်ခဲ့သည်။
Subscribe to