လဲချား ဇူလိုင် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့တွင် နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ပစ္စည်းများထောက်ပံ့ပေးခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က ခေတ္တတည်းခိုရာ အမှတ်(၄)ရပ်ကွက် ကုန်းနင်ဘုန်းတော်ကြီးကျောင်းတွင် သွားရောက်ထောက်ပံ့ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေက ဦးစီး၍ အားပေးစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဝင်များမှ ဌာနဆိုင်ရာများ ပူးပေါင်းလှူဒါန်းသည့် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ခြင်ထောင် စသည့် ပစ္စည်းများအား နေရပ်စွန့်ခွာပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
လဲချား (မြို့နယ်၊ ပြန်/ဆက်)