မိုင်းနောင် ဇူလိုင် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အ.မ.က နားကန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများကို ယနေ့ နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ လာရောက်ငှားရမ်းနိုင်ခြင်းမရှိသော ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အလွယ်တကူ စာပေဖတ်ရှုလေ့လာနိုင်ရန်နှင့် ကျောင်းစာများအပြင် ပြင်ပစာပေများမှ အသိပညာဗဟုသုတများရရှိ၍ အဖက်ဖက်မှ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးကြောင်း သိရှိရသည်။
အဆိုပါဆောင်ရွက်မှုတွင် ကျောင်းသား၊ ကျောင်းသူများအားလုံး စာဖတ်ရှိန်မြှင့်မားရေးနှင့် စာဖတ်စွမ်းရည်များတိုးတက်လာစေရန်၊ စာအုပ်၊ စာစောင်များကို ချစ်ခင်မြတ်နိုးတန်ဖိုးတတ်စေရန်၊ စာပေဖတ်ရှုလေ့လာလိုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ပုံပြင်ဖတ်ပြခြင်း၊ စာဖတ်စွမ်းရည်ပြိုင်ခြင်း၊ ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ပေးကြောင်း သိရှိရသည်။
မနန်း(မိုင်းနောင်)