နတ်မာက်မြို့နယ်အတွင်း မိုးနှမ်းသီးနှံများ မိုးလိုမိုးခေါင်မှုသက်သာစေရန် ရွက်ဖျန်းမြေဩဇာပက်ဖျန်းခြင်းနှင့် အသိပညာပေးကွင်းဆင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနတို့ပူးပေါင်း၍ မိုးနှမ်းသီးနှံများ မိုးလိုမိုးခေါင်မှုသက်သာစေရန် ရွက်ဖျန်းမြေဩဇာပက်ဖျန်းခြင်းနှင့် တောင်သူအသိပညာပေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက တမလန်းပင်ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မက်မန်းမြို့နယ် ဆွတ်ဝိုးကျေးရွာ(အ−လ−က)ကျောင်းတွင် လူငယ်ရေးရာဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် ဆွတ်ဝိုးကျေးရွာတွင် ကျောင်းသား၊ ကျောင်းသူလူငယ်များအား အသိပညာဗဟုသုတတိုးပွားရေး၊ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတတ်စေရန်နှင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတတ်စေရန်ရည်ရွယ်၍ လူငယ်ရေးရာဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က မက်မန်းမြို့နယ် ဆွတ်ဝိုးကျေးရွာ(အ−လ−က)ကျောင်းတွင် သွားရောက်ကျင်းပခဲ့သည်။

ကျိုင်းတုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်သား၊ ကျောင်းသူများ စာပေဖတ်ရှုတတ်သော အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အခြေခံပညာအထက်တန်းကျောင်းခွဲ(မိုင်းဇင်း)တွင် ကျင်းပခဲ့သည်။

မြို့သစ်တွင် စားသုံးရန်မသင့်သည့် စားသောက်ကုန်များနှင့် စားသောက်ကုန်အညွှန်းအမှတ်တံဆိပ်များအကြောင်း အသိပညာပေးဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာတွင် အဆင်ပြေစေရန်နှင့် FDA နေပြည်တော်မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော စားသောက်ကုန်အမှတ်တံဆိပ်များအား ကျောင်းသား/ကျောင်းသူများ သိရှိနားလည်းသဘောပေါက်စေရန်အတွက် အသိပညာပေး ဆွေးနွေးဟောပြောခြင်းကို "အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း (ရတနာခန်းမ)သို့ ယမန်နေ့နေ့လယ်က သွားရောက်၍ အသိပညာပေးဟောပြောခဲ့သည်။

ကာလိမြို့တွင် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့တွင် ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မင်းလှမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်၌ (၇၇)နှစ်မြောက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ဘဝဖြစ်စဉ်မှတ်တမ်းဓါတ်ပုံများ ပြသသွားမည်

(၇၇)နှစ်မြောက် အာဇာနည်နေ့တွင် နတ်မောက်မြို့ အောင်ဆန်းရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်၌ ဗိုလ်ချုပ်အောင်ဆန်း၏ ဘဝဖြစ်စဉ်မှတ်တမ်းဓါတ်ပုံများ ပြသနိုင်ရေး ယနေ့နံနက်ပိုင်းကစတင်၍ ဆောင်ရွက်နေကြောင်း သိရသည်။

ပြင်ဦးလွင်မြို့ အောင်ပန်းတိုင်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်‌ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စာဖတ်ရှိန်မြှင့်တင်စေရေး ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်နှင့် အောင်ပန်းတိုင်ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းစီစဉ်ကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ပြင်ဦးလွင်မြို့ အောင်ပန်းတိုင်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပသည်။

မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ် ရေကြီးမှုဖြစ်စဉ်သည် ၂၀၁၈ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး မြစ်ရေလွှမ်းမိုးမှုဖြစ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ယခုလ ၁၂ ရက်နေ့မှစတင်ပြီး ဧရာဝတီမြစ်ကမ်းတစ်လျှောက် မြေနိမ့်ပိုင်းဒေသများ၌ မြစ်ရေများဝင်ရောက်လျက်ရှိပြီး ယခုနှစ် ရေကြီးမှုဖြစ်စဉ်သည် ၂၀၁၈ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး ရေလွှမ်းမိုးမှုဖြစ်ကြောင်း မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ထံမှ သိရသည်။

အောင်လံမြို့၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲနှင့် ပြိုင်ပွဲများကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ မြို့နယ်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုကော်မတီက ကြီးမှူး၍ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုကို ယမန်နေ့နံနက် ၁၀ နာရီက အောင်လံမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to