ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးထွက်ကုန်များ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း/ခရိုင်မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးထွက်ကုန်များ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ဇီးကုန်းမြို့နယ်၌ လူငယ်စကားဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက အ.ထ.က(မယင်း)ကျောင်း၌ ကျင်းပခဲ့သည်။

ကျိုက်လတ်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးကော်မတီမှ သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု သက်သာစေရန်ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟင်္သာတမြို့နယ်၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း(အခြေခံ) ဖွင့်ပွဲ အခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ကညင်ငူ ကျေးရွာအုပ်စု၊ အုတ်ပုံကျေးရွာ၌ ဟင်္သာတခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ အမျိုးသမီးများဝင်ငွေတိုး ရေးဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းမှ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း(အခြေခံ) ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၁၅ ရက်နေ့ နေ့လည်ပိုင်းကအဆိုပါနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။

ချမ်းမြသာစည်မြို့နယ်တွင် ရပ်ကွက်များအလိုက် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အသိပညာပေး‌ ဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက  မြရည်နန္ဒာရပ်ကွက်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။

ရေဖြူမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ (၇၇)နှစ်မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ်ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

၂၀၂၄ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်းအဆင့်နှင့်အလယ် တန်းအဆင့် ကဗျာရေးပြိုင်ပွဲနှင့်စာစီစာကုံးပြိုင်ပွဲများကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ပညာ‌ရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အ.ထ.က-ရေဖြူကျောင်းခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီမှ ၂ နာရီအချိန်အထိ ကျင်းပပြုလုပ်ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ် အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ခြင်း အခမ်းအနားတက်ရောက်

၂ဝ၂၄ ခုနှစ် တိုင်းဒေသကြီး၊ ပြည်နယ် အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မွန်ပြည်နယ် အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ရာမညခန်းမ၌ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ အသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ တက်ရောက်သည်။

ရွှေဘိုမြို့နယ်၊​ ကျောက်​မြောင်းမြို့ ယာယီရေဝင်ပြောင်းရွှေ့အိမ်ထောင်စုများအား ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ​ရွှေဘိုမြို့နယ်၊ ​ကျောက်​မြောင်းမြို့ အမှတ်(၁)ရပ်ကွက် ​ရွှေဂွန်နှင့်မ​ခေါက်​ကျေးရွာ၊ အမှတ်(၁)၊ အမှတ်(၄)ရပ်ကွက်တို့ရှိ ယာယီရေဝင်ပြောင်းရွှေ့ အိမ်ထောင်စုများအား ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများ ပေးအပ်ခြင်းကိုယမန်​နေ့ မွန်းလွဲပိုင်းက မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမတွင် ကျင်းပသည်။

ဂွမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောခြင်း၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောခြင်း၊ စာအုပ်စာစောင်နှင့် နံရံကပ် စာစောင်ပြပွဲ ပြသခြင်းကို ယနေ့မွန်းလွဲပိုင်းက Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၆/၂၀၂၄) ကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Subscribe to