ကော့သောင်းမြို့၌ (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် မြို့နယ်အဆင့် အခြေခံပညာ အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံး၊ကဗျာ၊ဆောင်းပါးပြိုင်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၌ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် မြို့နယ်အဆင့် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံး၊ကဗျာ၊ဆောင်းပါး ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီ က အ.ထ.က (၁)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျိုက်လတ်၌ ဌာနများပူးပေါင်း၍ လူငယ်အသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေးနှင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်အသိပညာပေး ဟောပြောပွဲများကို ဇူလိုင်(၁၅)ရက် မွန်းလွဲပိုင်းက ကျုံသိဝကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျွန်းလှမြို့၌ စာကြည့်တိုက်များဖွံဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(ကျွန်းလှ)၌ ကျင်းပကြောင်း သိရသည်။

ကော့သောင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ "အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း"ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် စက်ချုပ်သင်တန်းဖွင့်ပွဲ ကျင်းပ

ကော့သောင်းခရိုင်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ "အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်း"ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် "အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေး ဆောင်ရွက်မည့်လုပ်ငန်း" (စက်ချုပ်သင်တန်း) ဖွင့်ပွဲ အခမ်းအနားကို ကော့သောင်းမြို့နယ် ရွှေပြည်စိုးကျေးရွာ ဗုဒ္ဓါနုဿတိပရိယတ္တိစာသင်တိုက်တွင် ယနေ့ နံနက် ၁၀ နာရီက ကျင်းပသည်။

ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် စာသင်ကျောင်း(၂)ကျောင်း ထပ်မံယာယီပိတ်ထားရ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ယနေ့နံနက်ပိုင်းက စာသင်ကျောင်း(၂)ကျောင်းတွင် မြစ်ရေဝင်ရောက်ခဲ့သဖြင့် ထပ်မံ၍ ယာယီပိတ်ထားခဲ့ရကြောင်း ပွင့်ဖြူမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

သရက်မြို့နယ်တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် စာသင်ကျောင်း (၆) ကျောင်း ယာယီပိတ်ထား

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းအထိ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် အခြေခံပညာစာသင်ကျောင်း (၆) ကျောင်း ရေဝင်ရောက်ရှိ၍ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ရေဘေးအန္တရာယ်ကင်းစေရန်အတွက် အခြေခံပညာကျောင်းများကို ယာယီပိတ်ထားခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။

ခိုလမ်မြို့တွင်၊ ဆေးအ‌ရောင်းဆိုင်များအား သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် ရှမ်းပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဆေးအရောင်းဆိုင်များအား သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်က ဆောင်ရွက်ခဲ့သည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဘားအံမြို့၊ အ-ထ-က(၂)ကျောင်းတွင် ကျင်းပပြုလုပ်သည့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မှ ကျောင်းသား/ကျောင်းသူများ၏ ရင်တွင်းစကားသံများ

ကျောင်းသားကျောင်းသူလူငယ်များ ကျောင်းစာအပြင် စာပေဗဟုသုတနှင့် ပြည့်စုံပြီး အသိပညာ မြင့်မားစေရေး ကျောင်းသားလူငယ်များအတွင်း ကျောင်းစာကြည့်တိုက်အသုံးပြုသည့် ယဉ်ကျေးမှု ထွန်းကာလာစေရေးနှင့် ဗလငါးတန်နှင့် ပြည့်ဝသည့် လူငယ်များ ဖြစ်လာစေရန်အတွက် ကရင်ပြည်နယ် ဘားအံမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဇူလိုင်လ(၁၅)ရက်နေ့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ပွဲတော်တွင် ပါဝင်ဆင်နွှဲခဲ့သူများ၏ ရင်တွင်းစကားသံများအား ဖော်ပြပေးလိုက်ပါသည်။

ဒေးဒရဲမြို့၌ ပြေစာများအပေါ် အခွန်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ အသိပညာပေး ဗီနိုင်းပိုစတာများ လိုက်လံကပ်နှံ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အခွန်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိတည်းခိုခန်းလုပ်ငန်းရှင်များ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များနှင့် လက်ကိုင်ဖုန်း (ဟန်းဆက်) အရောင်းဆိုင်လုပ်ငန်းရှင်များ၊ ရွှေနှင့်လက်ဝတ်ရတနာ အရောင်းဆိုင်များအတွင်းရှိ အများပြည်သူများ တွေ့မြင်နိုင်သောနေရာများတွင် ယနေ့မွန်းလွဲပိုင်းက သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ပြေစာများအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ အသိပညာပေး ဗီနိုင်းပိုစတာများ လိုက်လံကပ်နှံပေးလျက်ရှိကြောင်း သိရသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) သို့ တက်ရောက်

ချင်းပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ( ၁/၂၀၂၄ ) ကို ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ ၊ ပြည်နယ်ဥပဒေချုပ် ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး  ကော်မတီတွင်ပါဝင်သည့်  ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
Subscribe to