ကာလိ ဇူလိုင် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့တွင် ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစည်သူအောင်က ဟောပြောပွဲကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး အာဇာနည်နေ့ဖြစ်ပေါ်လာပုံနှင့် စာပေဖတ်ရှုခြင်းမှရရှိနိုင်သော အကျိုးကျေးဇူးများအကြောင်း ပြောကြားခဲ့သည်။ ထို့နောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်အား ပြသရာ ကျောင်းသား/ သူများက စိတ်ပါဝင်စားစွာဖြင့် ဖတ်ရှုမှတ်သားခဲ့ကြကြောင်း သတင်းရရှိသည်။
ကာလိ(ပြန်/ဆက်)