အထက်မင်းလှ ဇူလိုင် ၁၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဦးသန်းထွန်းအောင်က အခုအခါတွင် မင်းလှမြို့နယ်အတွင်းရှိရပ်ကွက်၊ ကျေးရွာအချို့တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရေဝင်နစ်မြှုပ်သည့် အိမ်ထောင်စုများအားသက်ဆိုင်ရာ ရပ်ကွက်ကျေးရွာများအလိုက် ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများက ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့ပြင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ရေဘေးသင့်အိမ်ထောင်စုများကို တစ်အိမ်ထောင်လျှင် ဆန်(၁)ပြည်၊ ဆီ(၅၀)ကျပ်သား ထောက်ပံ့ပေးပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ရေဘေးသင့်အိမ်ထောင်စုဝင်များအား လူတစ်ဦးလျှင် ဆန်ရိက္ခာဖိုးကျပ်(၂,၁၀၀/-)နှုန်း ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ရေဝင်ရောက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုနည်းနိုင်သမျှ လျော့နည်းစေရန်နှင့်မြို့ပေါ်ရပ်ကွက်များတွင် မြစ်ရေဝင်ရောက်မှုမရှိစေရေးအတွက် ကော်မတီအသီးသီးမှ ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားသည်။
ဆက်လက်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီအစည်းအဝေးသို့တက်ရောက်လာသည့် ကော်မတီဝင်ဌာနဆိုင်ရာများက သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ကော်မတီအလိုက်လုပ်ငန်းဆောင်ရွက်နေမှုများအား ဆွေးနွေးတင်ပြကြရာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌက ဆွေးနွေးတင်ပြချက်များအပေါ်လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)