နတ်မာက်မြို့နယ်အတွင်း မိုးနှမ်းသီးနှံများ မိုးလိုမိုးခေါင်မှုသက်သာစေရန် ရွက်ဖျန်းမြေဩဇာပက်ဖျန်းခြင်းနှင့် အသိပညာပေးကွင်းဆင်း ဆောင်ရွက်

နတ်မောက် ဇူလိုင် ၁၇                                                                  

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနတို့ပူးပေါင်း၍ မိုးနှမ်းသီးနှံများ မိုးလိုမိုးခေါင်မှုသက်သာစေရန် ရွက်ဖျန်းမြေဩဇာပက်ဖျန်းခြင်းနှင့် တောင်သူအသိပညာပေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက တမလန်းပင်ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ရာ နတ်မောက်မြို့နယ်၌ ၂၀၂၄-၂၀၂၅ မိုးရာသီတွင် မိုးနှမ်း(၁၈၃၃၀၃၄)ဧက လျာထားစိုက်ပျိုးထားရှိပြီး မိုးရွာသွန်းမှုမှာ ဇွန်လ တတိယပတ်မှ စတင်၍ ဇူလိုင်လ ပထမပတ်အတွင်း မိုးရွာသွန်းမှုနည်းပါးခြင်းကြောင့် မိုးနှမ်းများအစိုဓာတ်ပြတ်လပ်၍ မိုးလိုမိုးခေါင်မှုများဖြစ်ပေါ်ခဲ့ခြင်းကြောင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနတို့က မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအလိုက် မိုးနှမ်းစိုက်စာရင်းများ ကွင်းဆင်းကောက်ယူခဲ့ကြရာ တမလန်းပင်ကျေးရွာရှိ မိုးနှမ်းသီးနှံများ မိုးလိုမိုးခေါင်မှုဒဏ်ကိုခံနိုင်ပြီး အထွက်နှုန်းလျော့ကျမှုသက်သာစေရန် ရွက်ဖျန်းမြေဩဇာများကို တောင်သူများအား ထောက်ပံ့ပေးခြင်းနှင့် စိုက်ခင်းများအရောက်သွားရောက်၍ တောင်သူများနှင့်အတူ စုပေါင်းပက်ဖျန်းခဲ့ပြီး တောင်သူအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိထံမှ သိရသည်။

လှဝင်း