ပြည်မြို့၌ ရေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေများပေးအပ်

ပြည်မြို့နယ်တွင် ဇူလိုင် ၁၄ ရက်နှင့် ၁၅ ရက်နေ့တို့က ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်ခဲ့သော မြေနိမ့်ပိုင်းရပ်ကွက်/ကျေးရွာများဖြစ်သည့် နဝင်းနယ်မြေ နဝင်းရပ်ကွက်၊ ရွှေပလ္လင်မှော်အောက်ချိုင့်၊ ပြည်သာယာရပ်ကွက်၊ ကုန်းသာလင်းကျေးရွာနှင့် အနောက်လက်ခုပ်ပင်ကျေးရွာတို့၌ ကယ်ဆယ်ရေးစခန်း ၅ခုသို့ ရွှေ့ပြောင်းခဲ့ရသော ရေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများကို ယနေ့မွန်းတည့် ၁၂နာရီတွင် ပြည်ခရိုင် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်ဦးဆောင်သော ခရိုင်နှင့်မြို့နယ် သဘာဝဘေးကော်မတီဝင်များအဖွဲ့က သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။

တိုက်ကြီးမြို့နယ်၌ ဂျီအီးစီ(ပညာရေး) သမဝါယမအသင်းလီမိတက်အစည်းအဝေး ကျင်းပ

တိုက်ကြီးမြို့နယ်တွင် ဂျီအီးစီ (ပညာရေး) သမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဇူလိုင်လ ၁၄ ရက် နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(တိုက်ကြီး)၊ အနော်ရထာခန်းမတွင် ကျင်းပကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်အတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက တိုက်ကြီးမြို့နှင့်အဖျောက်မြို့ရှိ ပြည်သူများအား ကွင်းဆင်းအသိပညာပေးဆောင်ရွက်ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ် (မော်လမြိုင်)တို့တွင် အခြေခံစားသောက်ကုန်ပစ္စည်းများအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချ‌ပေးနေမှုများအား ကြည်ရှုအားပေး

မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်းပြီး အများပြည်သူများအတွက် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ​ရောင်းချပေးလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်တွင် ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်၊ ဖြန့်ဖြူးသူများနှင့် ဆန်စက်၊ ဆီ စက်လုပ်ငန်းရှင်များ၊ ကုန်သည်များမှ ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်များဖြင့် ရောင်းချပေးနေခဲ့ကြမှုအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။

ပန်းတောင်းမြို့နယ်တွင် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)မှ  စာဖတ်ဝိုင်းကျင်းပဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ပြည်သူများစာပေဗဟုသုတများပိုမိုကြွယ်ဝလာစေပြီး တစ်ဦးနှင့်တစ်ဦးအပြန်အလှန် ဆွေးနွေးတိုင်ပင်ညှိနှိုင်းဆောင်ရွက်တတ်သည့် အလေ့အထများဖြစ်ထွန်းလာနိုင်ရန်ရည်ရွယ်၍ ယမန်နေ့နံနက်(၉:၀၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များစုပေါင်း၍ စာဖတ်ဝိုင်းကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့ပေါ်ရှိ သံဃာတော်များ ဝါတွင်းကာလသီတင်းသုံးနိုင်ရေး၊ စာသင်တိုက်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် မြို့အင်္ဂါရပ်နှင့်အညီ ဖြစ်စေရေး စီမံဆောင်ရွက်လျက်ရှိ

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများလိုက်ပါ၍ ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့နယ်၊ ရွှေတောင်ပရိယတ္တိ စာသင်တိုက်သို့ သွားရောက်၍ ရွှေတောင်ပရိယတ္တိစာသင်တိုက် ပဓါနနာယက ဆရာတော် ဘဒ္ဒန္တသီလာဝံသ အားသွားရောက် ဖူးမြှော်ကြည်ညိုခဲ့ပြီး သံဃာတော်များ ဝါတွင်းကာလအတွင်း ပြန်လည်သီတင်းသုံးနိုင်ရေးနှင့် စာသင်တိုက်ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် သာသနာရေးဆိုင်ရာ များလျှောက်ထားကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် ရွှေတောင် ပရိယတ္တိ စာသင်တိုက်အတွင်း အကြမ်းဖက်သောင်းကျန်းသူများ၏ အဖျက်အမှောင့် ဆောင်ရွက်မှုကြောင့် ပျက်စီးသွားသည့် သာသနိကအဆောက်အဦများ၊ စေတီပုထိုးများအား မီးသတ်တပ်ဖွဲ့ဝင်များက သန့်ရှင်းရေးဆောင်ရွက်ပေးနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး သာသနိကအဆောက်အဦများ အမြန်ဆုံးပြန်လည်ပြုပြင်မွမ်းမံနိုင်ရေး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ထားဝယ်မြို့နယ် အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၂ နာရီက ထားဝယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရန်ကုန်တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး၌ Bakeryအမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် Bakery အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်းကို ယမန်နေ့က မြောက်ဥက္ကလာပမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးတွင် ဖွင့်လှစ်သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြို့ပင်ကောက်မြို့ရှိ ငွေကြွယ် မုန့်မျိုးစုံထုတ်လုပ်သည့် MSME လုပ်ငန်းအားကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ကြို့ပင်ကောက်မြို့ ဈေးချိုတောင်ရပ်ကွက် ကသဲတန်းလမ်းရှိ ငွေကြွယ်မုန့်မျိုးစုံထုတ်လုပ်သည့် MSME လုပ်ငန်းအား ယနေ့ နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ အကျိုးတော်ဆောင် ဂေါပကအဖွဲ့နှင့် အလှူရှင်များ၏ ( ၂၁) ကြိမ်မြောက်စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏အကျိုးတော်ဆောင်ဂေါပကအဖွဲ့နှင့် အလှူရှင်များ၏ (၂၁)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီတွင် မဟာအတုလဝေယံ ပြည်တော်ပြန် သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to