ညောင်ဦးခရိုင် ခုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင်  အကူသူနာပြု(ပြင်ပ) ၉ လ သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ ညောင်ဦးခရိုင် ခုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး၌ ယနေ့နံနက်  ၉ နာရီအချိန်က အကူသူနာပြု(ပြင်ပ) ၉ လသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် စီးပွားရေးဝန်ကြီး တာချီလိတ်မြို့ ရေကြီးရေလျှံ ကြိုတင်ကာကွယ်ရေးဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ မိုးရာသီကာလအတွင်း မြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်များတွင် နှစ်စဉ်ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် စီးပွားရေးဝန်ကြီး ဦးခွန်သိမ်းမောင်နှင့် တာဝန်ရှိသူတို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

‌လေးမျက်နှာမြို့နယ်တွင် (၇၇)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အ.ထ.က လေးမျက်နှာကျောင်းခန်းမတွင် ကျောင်းသား/သူများ အသိပညာတိုးပွားစေရန် ဗလငါးတန်ပြည့်စုံစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ (၇၇)နှစ်မြောက်အာဇာနည်နေ့ ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်း (၉:၃၀)နာရီအချိန်က ကျင်းပခဲ့သည်။

သာစည်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ပြပွဲ ပြိုင်ပွဲများ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ (၇၇)နှ စ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ပြပွဲပြိုင်ပွဲများကို ဇူလိုင် ၁၆ ရက်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျွန်းစုမြို့တွင် ဌာနဆိုင်ရာ ရုံးအဆောက်အဦများ၏ မီးဘေးလုံခြုံရေးအတွက် မီးသတ်ဦးစီးဌာနက ကွင်းဆင်းစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ဌာနဆိုင်ရာ အဆောက်အဦများ၏ မီးဘေးလုံခြုံရေးအတွက် မီးသတ်ဦးစီးဌာနက ဇူလိုင်(၁၅) ရက်နေ့မှ (၁၆)ရက်နေ့အထိ မီးဘေးကြိုတင်ကာကွယ်ရေးအနေဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့၌ ကျန်းမာရေးဆိုင်ရာအသိပညာပေး Talk Show ကျင်းပ

မိုင်းယောင်းမြို့၌ ကျန်းမာရေးဆိုင်ရာအသိပညာပေး Talk Show ကျင်းပ မိုင်းယောင်း ဇူလိုင် ၁၇ ဝေဝေခိုင်(ပြန်/ဆက်)

ညောင်ရွှေမြို့၌ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပြိုင်ပွဲများ ကျင်းပ

၂၀၂၄-ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင်ကျရောက်မည့် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပဟေဠိပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲများကို ယမန်နေ့ နံနက် (၁၀) နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။

ကျွန်းစုမြို့တွင် (၇၇) နှစ်မြောက် အာဇာနည်နေ့ ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာမူလတန်း ကမ်းဇော်တောကျောင်းတို့ ပူးပေါင်း၍ (၇၇) နှစ်မြောက် အာဇာနည်နေ့ ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ညောင်ဦးခရိုင်၌ (၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို အက အရေး အတီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

(၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို အက အရေး အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညောင်ဦးခရိုင်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ညောင်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစည်းအဝေး ခန်းမတွင်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။
Subscribe to