ခိုလမ် ဇူလိုင် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် ရှမ်းပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဆေးအရောင်းဆိုင်များအား သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်က ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာကျော်သန်းဌေး၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့်၊ မြို့ကျန်းမာရေးဌာန၊ မြို့စည်ပင်သာယာရေးဌာန ပူးပေါင်း၍ ဆေးဆိုင်များတွင် သတ်မှတ်ထားသော သက်တမ်းလွန်ဆေးဝါးများ၊ စပ်ဆေးများ၊ မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး စနစ်တကျ ရောင်းချမှုရှိစေရန် အကြံပြုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေလင်းထွန်း(ပြန်/ဆက်)