ပန်းတနော်မြို့၌ စစ်ဆေးအကဲဖြတ်ခြင်းနှင့် မှတ်တမ်းတင်ခြင်း၏ အရေးပါမှုဆိုင်ရာ သင်တန်းဆွေးနွေးပွဲ အခမ်းအနား ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ စစ်ဆေးအကဲဖြတ်ခြင်းနှင့် မှတ်တမ်းတင်ခြင်း၏ အရေးပါမှုဆိုင်ရာ သင်တန်းဆွေးနွေးပွဲ အခမ်းအနားကို လူထုအခြေပြုဗဟိုဌာန (Community Centre) ရွှေနော်သီရိခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။