ပြည်ကြီးမဏ္ဍိုင် ဇူလိုင် ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခြေခံပညာအလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ မွန်းလွဲ(၁) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခြေခံပညာအလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် အ.လ.က (ပြည်ကြီးမဏ္ဍိုင်)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၂၁) ဦးတို့က “၁၉ဇူလိုင်မမေ့နိုင်” ခေါင်းစဉ်ဖြင့် ဖြေဆိုယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများကို ကျောင်းအစီအစဉ်ဖြင့် ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း အ.လ.က (ပြည်ကြီးမဏ္ဍိုင်) ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)